မြောက်ကိုရီးယားက စစ်တပ် တည်ထောင်ခဲ့တဲ့ ၇၅နှစ် မြောက်နေ့ စစ်ရေးပြအခမ်းအနားမှာ တိုက် ချင်းပစ် ဒုံးကျည်တွေထုတ်ပြချီတက်

 စစ်ရေးပြပွဲမှာ တွေ့ရတဲ့ ICBM ဒုံးကျည်များ
Photo Credit: KCNA

ဆိုလ်း၊ ဖေဖေါ်ဝါရီ ၉

မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်ဟာ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်နိုင်မယ့် ICBM (Intercontinental ballistic missile) တိုက်ချင်းပစ်ဒုံးကျည် တွေကို ဖေဖေါ် ဝါရီ ၈ ရက်က ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာ  များပြားလှတဲ့ အရေ အတွက် အထိ ထုတ်ပြနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KNCAက ဖေဖေါ်ဝါရီ ၉ရက် ကြာသပတေးနေမှာ ထုတ်ဖော် ပြောခဲ့ ပါတယ်။

နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်ခဲ့တဲ့၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြ အခမ်း အနား မှာ လက်နက်ကြီးတွေ၊ မီးရှူးမီးပန်းတွေ၊ စစ်တီးဝိုင်းတွေနဲ့ ယူနီဖောင်းဝတ် စစ်သားတွေက ညီညီညာညာ ချီတက် ဆင်နွဲခဲ့ ကြတာ ဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားကို  ကင်ဂျုံအွန်ဟာ သူ့ရဲ့ ဇနီး ရီဆိုလ်ဂျူ၊ သမီးဖြစ်သူ ဂျူအေတို့နဲ့အတူ တက်ရောက် ခဲ့တဲ့အကြောင်းကို  နိုင်ငံပိုင်မီဒီယာတွေက သတင်းဓာတ်ပုံတွေ အနေနဲ့ ဖော်ပြခဲ့ကြပါတယ်။

အခမ်းအနားနေ့က ပြထားတဲ့ လက်နက်တွေထဲမှာတော့ သူတို့နိုင်ငံရဲ့  အကြီးဆုံး Hwasong-17 တိုက်ချင်းပစ်ဒုံးပျံ ၁၀ စင်း နဲ့  လောင်စာအခဲခံ တိုက်ချင်းပစ် ICBM တွေကို သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့  ယာဉ်တွေ ပါဝင်ပါ တယ်။

ပြီးခဲ့တဲ့ အဲ့ဒိ ချီတက်ပွဲဟာ  နိုင်ငံရဲ့အကြီးကျယ်ဆုံး နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို ပြသခဲ့တယ် ဆိုပြီး မြောက်ကို ရီးယားအစိုးရမီဒီယာဖြစ်တဲ့ KCNA က ပြောခဲ့ပါတယ်။

ဒီပွဲမှာ ကင်ဂျုံအွန်က သမီးဖြစ်သူ ကို ပွဲတက်ရောက်ခိုင်းရုံမကဘဲ ဓါတ်ပုံတွဲရိုက်ပြီးကမ္ဘာကို ချပြခဲ့တာက သမီးဖြစ်တဲ့ ဂျူအေဟာ တစ်ချိန် မြောက်ကိုရီးယားရဲ့ အဓိကနေရာကို ရောက်လာနိုင်တယ် ဆိုပြီး မီဒီတချို့ကတော့ သတင်းလုပ် ရေး သားနေတယ်လို့လည်း သိရပါတယ်။

Ref: AFP

  • အခမ်းအနားနေ့ ဓါတ်ပုံတချို့
ပွဲတက်လာတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (အလယ်ပုံ ညာဘက်) သမီး (အလယ်ပုံ ဘယ်ဘက်) နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူ( အနောက်ပုံ)
Photo Credit: KCNA
စစ်ရေးပြပွဲ ကျင်းပနေပုံ
photo Credit: KCNA
သမီးဂျူအေနဲ့ အမှတ်တရဓါတ်ပုံ
Photo Credit: KCNA
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *