မြောက်ကိုရီးယားစစ်တပ်က ဒုံးပျံပစ်လွှတ်တဲ့ ထိန်းချုပ်ကိရိယာအသစ်ကို တီထွင်နိုင်ခဲ့ပြီလို့  နိုင်ငံပိုင်မီဒီယာက ကြေငြာ

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၂

မြောက်ကိုရီးယားဟာ  ပဲ့ထိန်းဒုံးကျည်မျိုးစုံအတွက် ပဲ့ထိန်းဒုံးကျည်ထိန်းချုပ်ရေးစနစ်သစ်ကို အောင်မြင်အောင်  တီထွင်နိုင်ခဲ့ပြီလို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

နိုင်ငံရဲ့  ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြပ်နေနတဲ့ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီက ၂၄၀မီလီမီတာ အရွယ် ရှိတဲ့  ထိန်းချုပ်နိုင်တဲ့ ဒုံးပစ်လောင်ချာ အများအပြားကို ဖေဖေါ်ဝါရီ ၁၁ရက်က စမ်းသပ် ပစ်လွတ်ခဲ့ တယ်လို့  KCNA က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

KCNA က ၂၄၀ မီလီမီတာဒုံးကျည်ဟာ မဟာဗျူဟာတန်ဖိုးမြောက် စစ်မြေပြင်မှာ သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ခဲ့လို့ “နည်းပညာပိုင်းဆိုင်ရာ လျင်မြန်စွာ တိုးတက်မှု” ဖြစ်တယ်လို့လည်း   ပြောပါတယ်။

ဒုံးကျည်နဲံပဲ့ထိန်းဒုံးကျည်ထိန်းချုပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့  ဒုံးပစ်လောင်ချာတပ်ဖွဲ့ကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ရပ် ဖြစ်စေလိမ့်မယ်ဆိုတဲ့ အကြောင်းလည်း ပြုံယမ်းအသိုင်းအဝိုင်က ပြောဆိုနေပါတယ်

မကြာသေးမီရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု အများအပြားလုပ်နေချိန် ပြုံယမ်းနဲ့မော်စကို ကြား ဆက်ဆံရေးလည်း တိုးမြင့်လာပြီး တစ်ချိန်တည်းမှာပဲ  အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေ တိုးမြင့်လာတာကို အနီးကပ်စောင့်ကြည့်နေတုန်းမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်အရေးကို အပြင်အထန်အလျှင်အမြန်ကြိုးစားနေတာ ဖြစ်ပါတယ်။

Ref: CAN

ပုံစာမြောက်ကိုရီးယားကျွန်းဆွယ်တစ်နေရာ

Feature Image Credit: NBC

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *