ဆိုးလ်၊ ဒီဇင်ဘာ ၁၈
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တဲ့အကြောင်း ပစ်လွှတ်ပြီး နာရီပိုင်းအကြာ ဒီဇင်ဘာ ၁၈ရက်မှာ တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် ပြုံယမ်းဘက်က နျူကလီးယားတိုက်ခိုက်မှုမှန်သမျှဟာ မြောက်ကိုရီးယားတို့ရဲ့ နိဂုံးသာ ဖြစ်လိမ့်မယ်လို့ ဆိုးလ်နဲ့ ဝါရှင်တန်ရဲ့ ပူးတွဲသတိပေးချက်နောက်မှာ အခုလို ပစ်တင်စမ်းသပ်မှုပေါ်လာခဲ့တာ ဖြစ်ပါတယ်။
“မြောက်ကိုရီးယားက အမျိုးအမည်မသိတဲ့ ပဲ့ထိန်းဒုံးကျည်ကို အရှေ့ပင်လယ်ကို ပစ်လွှတ်လိုက်ပါတယ်” ဆိုပြီး ဆိုးလ်းရဲ့ ပူးတွဲစစ်ဦးစီးချုပ်က ဒီဇင်ဘာ ၁၈ရက် တနင်္လာနေ့ မနက်ပိုင်းမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တချို့ကို အသိမပေးဘဲ ပစ်ခတ်ခဲ့တယ်လို့ X(တွစ်တာ) မှာ ဂျပန်အစိုးရက ပြောပါ တယ်။
ဒီဇင်ဘာ၁၇ရက် တနင်္ဂနွေနေ့ ညနှောင်းပိုင်းမှာ ပြုံယမ်းဧရိယာက ပစ်လွှတ်လိုက်တဲ့ တာတိုပစ်ဒုံးကျည်ကို တွေ့ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ်။
ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အရှေ့ပင်လယ်ထဲကို မကျခင် ကီလိုမီတာ ၅၇၀ ဝန်းကျင် ပျံသန်းခဲ့သေးတယ်လို့ တောင်ကို ရီး ယား စစ်ဦးစီးချုပ်က ပြောဆိုခဲ့ ပြီး ဆိုးလ်၊ ဝါရှင်တန်နဲ့ တိုကျိုတို့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်နဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ကို အနီးကပ် မျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဒီဇင်ဘာ ၁၅ရက် သောကြာနေ့က ဝါရှင်တန်မှာ သူတို့ရဲ့ နျူကလီးယား အတိုင်ပင်ခံ အဖွဲ့ရဲ့ ဒုတိယအစည်းအဝေးကို ကျင်းပခဲ့ပြီး မြောက်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်ပွားချိန်မှာ နျူကလီးယားတားဆီးရေး ဆွေး နွေး ခဲ့ကြတယ် လို့ သိရပါတယ်။
Ref: AFP/fs/rc
ပုံစာ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်
Feature Image Credit: KCNA VIA KNS/AFP/File/STR



