မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ သူလျှိုဂြိုဟ်တု မအောင်မြင်ဘဲ ပေါက်ကွဲ

ဆိုးလ်၊ နိုဝင်ဘာ ၂၃

နိုဝင်ဘာ ၂၁ရက် အင်္ဂါနေ့မှာ မြောက်ကိုရီးယားက လွတ်တင်လိုက်တဲ့ သူလျှို ဂြိုလ်တု မအောင်မမြင်ဖြစ်ပြီး ကောင်းကင် ထဲမှာ ပေါက်ကွဲ ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ယန်ဆေး တက္ကသိုလ်က ဥက္ကာပျံတွေကို ကြည့်ဖို့ တီထွင်တပ်ဆင်ထားတဲ့ ကင်မရာ ရဲ့ မှတ်တမ်းဗီဒိယိုကို ထုတ်ပြပြီး အထောက်အထားနဲ့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုလ်တု လွှတ်တင်ဖို့ ကြိုးစားမှုဟာ ၂၀၂၃ခုနှစ်အတွင်းမှာပဲ အခုအကြိမ်နဲ့ဆို နှစ်ကြိမ်ိရှ နေပြီ ဖြစ်ပြီး နှစ်ကြိမ်လုံး မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ယန်ဆေး တက္ကသိုလ်က ပြသခဲ့တဲ့ ဗီဒီယိုအရ မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ Chollima-1 လို့နာမည် ပေးထားတဲ့ ဂြိုလ်တု လွတ်တင်မယ့် ဒုံးပျံးဟာကောင်းကင်ကို ဖြတ်ကျော်အပြီး အောက်ခြေပိုင်းကနေ စပြီး တစ်စစီ ပေါက်ကွဲ ပြီး ပြုတ် ကျသွားတာ ကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

“ဒီတစ်ကြိမ်မှာတော့  လေထုထဲမှာ ပထမအဆင့် တွန်းကန်အား ပေါက်ကွဲသွားပုံရပါတယ်” လို့ ယန်ဆေး  တက္ကသိုလ်က နက္ခတ္တဗေဒ ပါမောက္ခ  ဗြောင်ယွန်အိုက် က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

နယ်သာလန်နိုင်ငံ ဒဲလ်ဖ်နည်းပညာတက္ကသိုလ်က ဂြိုလ်တုကျွမ်းကျင်သူ မာကိုလန်ဘရက် ကလည်း  ယန်းဆေးရဲ့ ဗီဒီယိုအရ ပထမအဆင့်မှာ  ပေါက်ကွဲသွားတာကို  ထောက်ခံအတည်ပြုခဲ့ပါတယ်။

 “ဒါက သေချာပေါက် အထူးအဆန်းပါပဲ” လို့လည်း သူက ပြောပါတယ်။ လတ်တလောမှာတော့ ပျက်စီးသွားတဲ့ ဒုံးပျံအပိုင်း အစတွေ တော်တော်များများ ပင်လယ်ထဲကို ကျမလာသေးဘူးလို ဆိုပါတယ်။

တောင်ကိုရီးယားစစ်တပ်ကလည်း  ဒုံးပျံရဲ့ အပျက်အစီးတွေကို ကို ရှာဖွေဖို့  ကြိုးစားနေတယ်လို့ ပြောပါတယ်။

မေလတုန်းက လွဝ်တင်ခဲ့တဲ့ ဂြိုလ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံကလည်း   ပျက်စီးပြီး ကိုရီးယားကျွန်းဆွယ်နဲ့ တရုတ် နိုင်ငံ ကြား ပင်လယ်ထဲကို  ထိုးကျသွားခဲ့ပါတယ်။

ဒုံးပျံရဲ့ အစိတ်အပိုင်းတွေကို  ရှာတွေ့နိုင်ခဲ့ရင်  သူ့ရဲ့ စွမ်းဆောင်ရည်နဲ့  အဖိုးတန်တဲ့ ထောက်လှမ်းရေး သတင်း အချက် အလက် တွေ သိနိုင်တယ်လို့ ကျွမ်းကျင်သူတွေပြောပါတဘ်။

အခုနောက်ဆုံး ပစ်လွှတ်မှုကို ရုရှားက နည်းပညာအကူအညီတွေ ပံ့ပိုးထားတယ်လို့လည်း တောင်ကိုရီးယားက စွပ်စွဲ ထားတယ်လို့ သိရပါတယ်။

ရုရှားက မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆိုထားပေမယ့်  သမ္မတ ဗလာဒီမာပူတင်က မြောက်ကို ရီယား ဂြိုဟ်တုတွေ  တည်ဆောက်ရာမှာ ကူညီမယ်လို့ အခုနှစ်  စက်တင်ဘာလမှာ လူသိရှင်ကြား ကတိပြုထားခဲ့တာ ဖြစ် ပါတယ်။

Ref: Reuters

ပုံစာယန်ဆေးတက္ကသိုလ်က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယို

Feature Image Credit: Reuters

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *