ဆိုးလ်၊ စက်တင်ဘာ ၃
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က တာဝေးပစ် ခရုဇ်ဒုံးကျည်နှစ်စင်းနဲ့ အသွင်တူနျူကလီး ယား တိုက်ခိုက်မှု စစ်ရေးလေ့ကျင့်ခန်း မစ်ရှင်တစ်ခုကို လုပ်ခဲ့တဲ့ကြောင်းမြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ(KCNA)က စက်တင် ဘာ ၃ ရက်မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန် တဲ့အနေနဲ့ စက်တင်ဘာ၂ စနေနေ့ အစောပိုင်းက စစ်ဆင်ရေးဟာ တန်ပြန်စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ ကိုရီးယားဗဟို သတင်း အေဂျင်စီ (KCNA) က ပြောပါတယ်။
“နျူကလီးယား စစ်ပွဲရဲ့ အန္တရာယ်ကို ရန်သူတွေကို သတိပေးဖို့ စက်တင်ဘာ ၂ ရက် အရုဏ်တက်ချိန်မှာ ပုံစံတူ နည်းဗျူ ဟာမြောက် နျူကလီယား တိုက်ခိုက်မှုအတွက် ပစ်ခတ်လေ့ကျင့်မှု လုပ်ခဲ့ပါတယ်” ဆိုပြီး KCNA က ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။
မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်း တောင်ဘက် ပင်လယ်ထဲကို နျူကလီးယား ထိပ်ဖူးတပ်ဆင် နိုင်တဲ့ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့တဲ့အကြောင်းကိုလည်း အဆိုပါ သတင်းမှာ ဖော်ပြ ထားပါတယ်။
တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ကတော့ အတိအကျ မဖော်ပြထားတဲ့ ခရုဇ်ဒုံးကျည် အရေ အတွက်ကို ဒေသအချိန်မနက် ၄ နာရီ ဝန်းကျင်မှာ ပင်လယ်ဝါထဲကို ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
ပြုံယမ်းကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နောက်ဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားကို ဒေါသူပုန် ထ အောင် လုပ်ခဲ့တယ်လို့လည်း ပြောဆိုလိုက်တဲ့ အကြောင်း သိရပါတယ်။
Ref: AFP
ပုံစာအညွှန်း။ မြောက်ကိုရီးယားသတင်းမှာ ဖော်ပြလိုက်တဲ့ ဒုံးကျည် ပစ်လွှတ်လိုက်တဲ့ ဓါတ်ပုံ
Feature Imag Crfedit: KCNA