ဆိုးလ်၊ ဧပြီ ၂
မြောက်ကိုရီးယားဟာ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အင်္ဂါနေ့ (ဧပြီ ၂ ရက်) က စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ ဆိုးလ်စစ်တပ် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၂၄ခုနှစ်အတွင်း ကင်ဂျုံအွန် အစိုးရ အနေနဲ့ တားမြစ်ထားတဲ့လက်နက်စမ်းသပ်မှု နောက်ထပ်တစ်ခု ထပ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုးလ်စစ်ဘက် ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
အခု ပစ်လွှတ်မှုက ၂၀၂၄ခုနှစ်ထဲမှာ တတိယမြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုဖြစ်ပြီး၊ မတ်လတုန်းကလည်း ကင်ဂျုံအွန် ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး လောင်စာဆီအခဲတစ်မျိုးနဲ့ အသုံးပြုထားတဲ့ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး ဇန်န၀ါရီလမှာတော့ အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအွန်ဟာ အလယ်အလတ်တန်းစား အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်အတွက် အင်ဂျင်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး သီတင်းနှစ်ပတ်မပြည့်မီမှာဘဲ အခုလို စမ်းသပ် ပစ်လွှတ်တာမျိုး လုပ်ခဲ့တာဖြစ်ပါတယ်။
ဆိုးလ်စစ်တပ်က “ပြုံယမ်းဧရိယာကနေ အရှေ့ပင်လယ်ထဲကို ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့အရာကို 6.53 (2153 GMT) ဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။အဲ့ဒိ ဒုံးကျည်ဟာ မြေပေါ်ပြန်မကျမီ ကီလိုမီတာ ၆၀၀ ခန့်အကွာအထိ ပျံသန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ မြင်ကွင်းကို ရုပ်သံမှာ တွေ့ရစဉ်
Feature Image Credit: AFP/Jung Yeon-je



