ဆိုးလ် ၊ စက်တင်ဘာ ၇
ဒုတိယဝန်ကြီးချုပ် လီဂူးဂျောင် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံ ထူထောင် ရေး နေ့ အထိမ်းအမှတ်အဖြစ် အခုသီတင်းပတ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားကို လာရောက်မှာ ဖြစ်တယ်လို့ မြောက်ကိုရီး ယား နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ (၇)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အခုခရီးစဉ်ဟာ လက်ရှိအာဏာရ ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီနဲ့ မြောက်ကိုရီးယား အစိုးရတို့ရဲ့ ဖိတ်ကြားချက်အရ လာရောက်မှာဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကို မြောက်ကိုရီးယားသမ္မတနိုင်ငံထူထောင်ရေးနေ့လို့ လူသိများပြီး ကျွန်းဆွယ်ဟာ ဂျပန်တို့ လက်အောက်ကနေ လွတ်မြောက်ခဲ့တာ ၂၀၂၃ခုနှစ်မှာ ၇၅ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ ဖြစ်နိုင်ချေရှိတဲ့ လက်နက်သဘောတူညီချက်ကို ဆွေးနွေးဖို့အတွက် သမ္မတကင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်ကတည်းက သူ့ရဲ့ပထမဆုံးပြည်ပခရီးစဉ်ဖြစ်တဲ့ နိုင်ငံရပ်ခြားခရီးစဉ် အဖြစ် ရုရှား နိုင်ငံကို သွားရောက် မယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အမည်မဖော်လိုသူ အရာရှိတွေရဲ့ သတင်းစကားကို ကိုးကားပြီး New York Times က အဲ့ဒိခရီးစဉ်က လာမယ့် သီတင်း ပတ်ထဲမှာ အမြန်ဆုံး ဖြစ်လာနိုင်တယ် ဆိုပါတယ်။ ရုရှားကတော့ အဲဒိကိစ္စနဲ့ပတ်သက်ပြီး ပြောစရာမရှိ ဘူးလို့ ပြောဆို ထားပြီး မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာကလည်း ရုရှားနိုင်ငံကို လာရောက်လည်ပတ်မယ့် သတင်းမျိုးကို ဖော်ပြထား တာမရှိဘူး လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်လီ ဟောင်ဇောင် ဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းကို သွားရောက်ခဲ့ပြီး ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေး ပြအခမ်းအနားတက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်ကိုယ်စားလှယ် အဖွဲ့ရဲ့ ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: Reuters
ပုံစာအညွှန်း။ မြောက်ကိုရီးယားမှာ ၂၀၂၃ ဇူလိုင်လက ကျင်းပခဲ့တဲ့ ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား
Feature Image Credit: X, formerly Twitter