မြောက်ကိုရီးယားကို ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီး ယားလက်နက်နိုင်ငံ ဖြစ်အောင် စီစဉ်နေတယ်လို့ ကင်ဂျုံအွန်း ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တစ်ယောက် တိကျကျ ဖော်ပြမထားတဲ့ နေရာမှာ ဒုံးကျည်ပစ်လွှတ်တာကို  ကြီးကြပ်နေတဲပုံ
Photo Credit: KCNA/Reuters

ပြုံယမ်း၊ ဒီဇင်ဘာ ၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တစ်ယောက် မြောက်ကိုရီးယားနိုင်ငံမှာ  ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီး ယား စွမ်းအင်ကို တည်ဆောက်ဖို့  စီစဉ်နေတယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ပြောဆိုလိုက်တဲ့အကြောင်း နိုဝင်ဘာ လကုန်ရက်တွေ ကတည်းက သတင်းတွေ ထွက်ပေါ် နေခဲ့တယ်လို့သိရပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နောက်ကွယ်က နောက်ဆုံး ပန်းတိုင်ကတော့ ရာစုနှစ်တွေထဲမှာ မကြုံစဖူးတဲ့ အကြွင်းမဲ့အင်အားကို ပိုင်ဆိုင်နိုင်ခြင်းသာ ဖြစ်တဲ့ အကြောင်း ကင်ဂျုံအွန်းက နိုဝင်ဘာ ၂၆ စနေနေ့ က တွေဆုံမှု တစ်ခုမှာစစ်ဘက်အရာရှိတွေကို စိတ်ဓာတ်မြှင့်တင်တဲ့ အနေနဲ့ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ နိုဝင်ဘာ ၁၈ ရက်တုန်းက မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ် (ICBM) ကို စမ်းသပ်ပစ်ခတ် ခဲ့ပြီးတဲ့နောက်  အထက်က ဖော်ပြခဲ့ သတင်းမျိုး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဒုံးကျည်ကို Hwaseong-17 အမည်ပေးထားပြီး သီအိုရီအရ အမေရိကန် ပြည်မကြီးအထိရောက်အောင် နျူကလီး ယား ထိပ်ဖူးတွေ ပစ်လွတ်နိုင်စွမ်းတဲ့ ကြီးမားတဲ့  ဒုံးပျံတစ်မျိုး လို့လည်း  KCNA ရဲ့ အဆိုအရ သိရပါတယ်။

ဒီဒုံးကျည်က  ကမ္ဘာ့အပြင်းထန်ဆုံး ဗျူဟာမြောက်လက်နက် ဖြစ်ပြီး သူ့မှာ “ပဲ့ထိန်းဒုံးကျည် နျူကလီးယားထိပ်ဖူးတွေ သယ်နိုင် တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကတော့ တကယ့်ကို အံ့သြဖွယ်ကောင်းတဲ့  ခုန်ပျံကျော်လွှားမှုတစ်ခုကို ကိုယ်စားပြုကြောင်းလည်း ပြုံယမ်းဘက်ကပြောပါတယ်။

တိုက်ချင်းပစ်ဒုံးပျံသစ် တီထွင်မှုနဲ့ အတူ ကင်က မြောက်ကိုရီးယားဟာ “ကမ္ဘာ့အသန်မာဆုံးစစ်တပ်တည်ဆောက်ရေးပန်းတိုင် ကို ချီတက်နေပြီး  ကျွန်ုပ်တို့နိုင်ငံရဲ့ ယုံကြည်စိတ်ချရပြီး ထာဝရအောင်ပွဲခံသော အနာဂတ်ကို ကမ္ဘာကိုပြသခဲ့တယ်”လို့လည်း ကင်မ်က ပြောခဲ့ပြန်ပါတယ်။

မကြာသေးခင်က ကင်ထံကို ပေးပို့သောစာ တစ်စောင်မှာတော့ မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံအကယ်ဒမီက သိပ္ပံ ပညာရှင်တွေက အဲ့ဒိစမ်းသပ်ပစ်ခတ်မှုဟာ နိုင်ငံအတွက် သမိုင်းဝင်အောင်ပွဲဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့အချုပ် အခြာ အာဏာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်ပြောပါတယ်။

အဆိုပါစမ်းသပ်မှုဟာ  ပြုံယမ်း အနေနဲ့ ကြီးမားတဲ့ ICBM ဒုံးကျည်ကို တစ်နာရီကျော် အမြင့်ထိပစ်လွှတ်နိုင်ကြောင်း ပြသခဲ့ပေမယ့်လည်း မြောက်ကိုရီးယား အနေနဲ့အာကာသထဲကို ပစ်လွှတ်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ထိပ်ဖူးပေါ်မှာဒုံးကျည်တွေ တပ်ဆင်နိုင်စွမ်းကို ပြသတာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမယ့် ထပ်ခါတလဲလဲ စမ်းသပ်မှုတွေကို ကြည့်ပြီး မြောက်ကိုရီးယားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြုပြင်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *