မြောက်ကိုရီးယားကနေဘက်ပြောင်းလာသူတွေလို့ သံသယ ရှိသူတွေ တင်ဆောင်လာတဲ့ သင်္ဘောကို တောင်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်း

ဆိုးလ်၊ အောက်တိုဘာ ၂၄

အထီးကျန်နိုင်ငံကနေ  ဘက်ပြောင်းဖို့  ကြိုးပမ်းနေတဲ့သူတွေလို့  ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်း ကို တောင်ကိုရီးယားအာဏာပိုင်တွေက  အောက်တိုဘာ ၂၄ ရက် အင်္ဂါနေ့မှာ ထိန်းသိမ်းထားတယ်လို့ တောင်ကို ရီးယား စစ်တပ်က ပြောဆိုလိုက်ပါတယ်။

ထိန်းသိမ်းထားတဲ့  သစ်သားသင်္ဘောငယ်ကို ကိုရီးယားနှစ်နိုင်ငံကြားက  Northern Limit Line အနားမှာ အင်္ဂါနေ့ အစောပိုင်းက တွေ့ခဲ့တဲ့ အကြောင်း တောင်ကိုရီးယား  ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

သင်္ဘောပေါ်မှာ ဘယ်နှစ်ယောက်ပါလာပြီး  ဘယ်သူဘယ်ဝါဆိုတာတွေကိုတော စစ်တပ်က ထုတ်ဖော်ပြောဆိုတာ မလုပ်ပေမယ့်လည်း  မြောက်ကိုရီးယားနိုင်ငံသား လေးယောက်ဆိုပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ကထွက် ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း  အနောက်ပင်လယ်နယ်နိမိတ်ကို ငါးဖမ်းစက်လှေတစ်စီးနဲ့ ဖြတ်ကျော်လာတဲ့ မြောက်ကိုရီး ယားက ဘက်ပြောင်းလာတဲ့သူ ကိုးယောက် အဖြစ်အပျက်နောက် ခုအကြိမ်က ဒုတိယ လို့ ဆိုပါတယ်။

အများအားဖြင့်ကတော့မြောက်ကိုရီးယားဘက်ပြောင်းတွေဟာ  အစောင့်အကျပ်ထူထပ်တဲ့ မြောက်ကိုရီးယားနဲ့ တောင် ကို ရီးယားကြား  နယ်စပ်ကို ဖြတ်ကျော်ဖို့ထက်   တရုတ်နဲ့ အရှေ့တောင်အာရှကို ဖြတ်ကျော် ဝင်ရောက် တာ ပိုများတယ်လို့ သိ ရပါတယ်။

Ref: Reuters/rc

ပုံစာ။ စစ်မဲ့ဇုန် (DMZ) အတွင်းက အပစ်အခတ်ရပ်စဲထားတဲ့  ရွာနားမှာ  မြောက်ကိုရီးယားအလံ လွင့်ထူထားပုံ

Feature Image Credit: Reuters/Kim Hong-Ji/Pool

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *