မြောက်ကိုရီးယားကစစ်ရေးအရ ရန်စတဲ့ အရိပ်အယောင် တွေ ပြနေလို့ နယ်စပ်ကျွန်းပေါ်ကသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တောင်ကိုရီးယားက သတိပေးနေ

ဆိုးလ်၊ ဇန်နဝါရီ ၅

မြောက်ကိုရီးယားဘက်ကနေ စစ်ရေးအရ ရန်စတဲ့ အနေအထား အရိပ်အယောင်တွေ ပြနေတာမို့ နှစ်နိုင်ငံ နယ်စပ် တောင်ကိုရီးယားဘက်က ကျွန်းတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေ ကို ဘေးလွတ်ရာကို ယာယီ ရှောင်တိမ်းနေကြဖို့ တောင်ကိုရီးယားဘက်က ဇန်နဝါရီ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

စစ်ရေးရန်စမှုတွေ တွေနေရတဲ့ နေရာက  မြောက်ကိုရီးယားရဲ့ နယ်စပ်နားမှာရှိတဲ့ ယောင်ပြောင်းကျွန်း ဖြစ်ပါ တယ်။

ပြုံးယမ်းဟာ  သောကြာနေ့နံနက်မှာ  ကမ်းရိုးတန်းအမြောက်ကျည် ၂၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့  တောင်ကိုရီး ယားစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့်   ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ပြောပါတယ်။

ပစ်ခတ်လိုက်တဲ့  ကျည်ဆန်တွေက  ကိုရီးယားနှစ်နိုင်ငံကြားက ကန့်သတ်မျဉ်းရဲ့  မြောက်ဘက်ကို ကျခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုထားပါတယ်။

ယောင်ပြောင်းကျွန်းရဲ့  တာဝန်ရှိသူတစ်ယောက်က  တောင်ကိုရီးယားစစ်တပ်ရဲ့ တောင်းဆိုချက်အရ ဘေးလွတ် ရာကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ အကြောင်း အတည်ပြုထားပါတယ်။

ပစ်ခတ်မှုတွေ ဒေသစံတော်ချိန် နေ့လည် ၁၂း၀၂ နာရီနဲ့  ၁၂း၃၀ နာရီ အချိန်တွေမှာ ဖြစ်ခဲ့အပြီး  ကျွန်းရဲ့ အနောက် ဘက်နယ်စပ်မှာ နေထိုင်နေတဲ့  အရပ်သားတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာမြောက်ကိုးရီးယား ကမ်းရိုးတန်းကို တောင်ကိုးရီးယားကျွန်း ယောင်ပြောင်းကျွန်းဘက်က မြင်ရပုံ

Feature Image Credit: AFP/Kim Jae-hwan

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *