မြောက်ကိုရီယားမှာ အအေးလွန်ကဲ  အရေးပေါ် အဆင့်ကိုရောက်

မြောက်ကိုရိယားနိုင်ငံ ရီအန်ဂန်ပြည်နယ်က ဟိုင်ဆန်ဒေသ ဇန်နဝါရီ ၂၄ ရက် မြင်ကွင်း
Photo Credit: GETTY IMAGES

ပြုံယမ်း၊ ဇန်နဝါရီ ၂၄

ဒီရက်ပိုင်း ကိုရီးယားကျွန်းဆွယ်ကို  အအေးလှိုင်းတွေ ရိုက်ခတ်လာတဲ့အတွက် နိုင်ငံထဲမှာ  ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ ရင်ဆိုင်နေတယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့  မြောက်ပိုင်းဒေသတွေမှာ  အပူချိန်  အနုတ်၃၀စင်တီဂရိတ် အောက်ကျ သွားဖို့ ရှိနေတယ် လို့လည်းနိုင်ငံပိုင်ရေဒီယိုအသံလွှင့်ဌာနကထုတ်လွှင့်သွားပါတယ်။ ဒါ့အပြင်ကမ်းရိုးတန်းဒေသ တွေမှာလည်း လေပြင်းတိုက် ခတ် မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အလားတူ တောင်ကိုးရီးယားမှာလည်း အအေးလှိုင်းသတိပေးချက်ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ လည်း အပူချိန် စံချိန်တင်နိမ့်ကျနေပါတယ်။

ဂျပန်နိုင်ငံမှာလည်း အခုသီတင်းပတ်ထဲမှာ အပူချိန်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး အဆင့်ထိ ကျသွားဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ  အခြားဒေသနိုင်ငံတွေလို ပြင်းထန်တဲ့ ဒါမှမဟုတ်  ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံခဲ့ရပေ မယ့် အသေးစိတ် သိရတာမျိုး မရှိပါဘူး။

ရီအန်ဂန်အပါအဝင် တောင် နဲ့ မြောက် ဟန်းဂန် ဒေသတွေဟာ အဆင်းရဲဆုံးပြည်နယ်တွေ ဖြစ်ပြီး ရာသီဥတု ဒဏ်ခံရနိုင် ခြေ  အများ‌ဆုံးရှိနေတဲ့  မြောက်ဘက်ပိုင်းမှာ တည်ရှိနေကြတာဖြစ်ပါတယ်။

မြို့တော်ပြုံယမ်းကလွဲပြီး  အပြင်ဘက် ရောက်သွားတာနဲ့  လျှပ်စစ်မီးရဖို့ဆိုတာက မလွယ်ကူပါဘူး။  ဒါကြောင့် အဲ့ဒိက မိသားစုတွေက  ဆောင်းရာသီမှာ အနွေးဓာတ်ရဖို့  ထင်းနဲ့ အပင်ခြောက်တွေကိုပဲ မီးရှို့ရတဲ့ တစ်နည်းပဲ ရှိတဲ့အကြောင်း မြောက်ကိုရီယား အကြောင်းကို အဓိက ဖော်ပြလေ့ရှိတဲ့ NK News  က ပြောပါတယ်။ အိမ်အ တော်များများ က သူတို့ရဲ့ တံခါးနဲ့ ပြတင်းပေါက်တွေကိုအအေးလုံဖို့ ပလပ်စတစ်စတွေနဲ့ ကာရံ တာမျိုးလောက်ပဲ တတ်နိုင်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစပြီး မြောက်ကိုရီးယားကမိသားစု အများအပြားဟာ အအေးလွန်ကဲတဲ့ အခြေအနေ တစ်ခုထဲမှာ အစရှာမရအောင် ပျောက်ဆုံးသွားလေ့ရှိတယ်လို့  Free Asia သတင်းဌာနက  ၂၀၂၂ ဒီဇင်ဘာတုန်းက ဖော်ပြခဲ့ပါသေးတယ်။  အများအပြားဟာ  ငတ်သေတာ ဒါမှမဟုတ် အေးခဲသေဆုံးသွားကြရတာ လို့ ယူဆတဲ့ အကြောင်း လည်း ပြောပါတယ်။

လာမည့်သီတင်းပတ်မှာ   ၇၅ နှစ်မြောက် ကိုရီးယားပြည်သူ့တပ်မတော်ကို ဂုဏ်ပြုဖို့  ပြင်ဆင်နေတုန်းမှာပဲ  ဒီနေ့ ဇန်နဝါရီ ၂၄ အင်္ဂါနေ့မှာ  အအေးလှိုင်းသတိပေးချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *