မြေမြှပ်မိုင်းတွေက ပေးတဲ့ဒုက္ခ ဒေသခံအချို့ ခါးစည်းခံနေကြရ

၁ ဖေဖော်ဝါရီ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၆မြို့နယ်မှာ ဇန်နဝါရီလတလအတွင်း မြေမြုတ်မိုင်းနင်းမိတာကြောင့် အမျိုးသမီးနဲ့ ကလေးအပါအဝင် ဒေသခံ (၁၆)ဦးမိုင်းနင်းမိခဲ့ကြတယ်လို့ ဒေသခံအဖွဲ့တွေဆီက သိရပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ ကောက်ယူစုဆောင်းထားတဲ့မှတ်တမ်းပြုစုချက်အရ ရှမ်း/မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့မှာ မြေမြှပ်မိုင်းနင်းမိတဲ့ဒေသခံ (၁၆)ဦးရှိပြီးလို့ ဆိုပါတယ်။

ဒေသခံတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ကြွင်းကျန်ပစ္စည်းတွေကြောင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်းတအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ဒီဒေသက အမျိုးသားတွေဟာထင်းသွားခုတ်တဲ့ချိန် မြေမြုပ်မိုင်း နင်းမိပြီး ခြေတစ်ဖက်ဆီ ပြတ်ထွက်သွားကြောင်း သိရပြီး မူဆယ်ဆေးရုံမှာဆေးကုသမူခံယူနေကြရတယ်လို့ သိရပါတယ်။

Visited 58 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *