မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေသော ရေမဆေးသမား ၄၀ ကျော်ထဲမှ ရုပ်အလောင်း ၂၅ ခုတွေ့ရှိထား

မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေသော ရေမဆေးသမား ၄၀ ကျော်ထဲမှ ယနေ့ သြဂုတ်လ ၁၅ ရက် ညနေ ၅ နာရီအချိန်ထိ ရုပ်အလောင်း ၂၅ ခုတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်သူများထံမှ သိရ သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနမှော်တွင် ဩဂုတ်လ ၁၃ ရက် ညနေ ၃ နာရီခန့်က မြေစာပုံကမ်းပါးမြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူများ နွံကန်အတွင်း နစ်မြုပ်ခဲ့ရာ နောက်ဆုံးရ စာရင်းများအရ ၄၂ ဦးမှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *