ဂါဇာ၊ အောက်တိုဘာ ၁၅
အစ္စရေးတို့က ဂါဇာ ဒေသကို မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အချိန် မှာပဲ နေရပ်ကို စွန့်ခွာထွက်ပြေးနေ ကြတဲ့ ဂါဇာ ဒေသခံ အရေအတွက်က သန်းနဲ့ ချီရှိနေပြီလို့ သိရပါတယ်။ ဒီအရေအတွက်ဟာ ဂါဇာလူဦးရေရဲ့ တစ်ဝက်လောက် နီးနီး ရှိတယ်လို့လည်း သိရပါတယ်။
ဒီလို ရွှေ့ပြောင်းတာက အစ္စရေးက ဟားမတ်စ်ကို ဗုံးကြဲတိုက်ခိုက်မှု စတင်ကတည်းက ဖြစ်ပြီး ဂါဇာကမ်းမြှောင် မြောက် ပိုင်း က လူတစ်သန်းကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၁၅ ရက်က ပြောဆိုလိုက်ပါတယ်။
အစ္စရေးတို့ဟာ သူတို့ရဲ့ သမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုကို လက်စားချေဖို့ ကြိုးစားနေချိန်မှာပဲ အာရပ်အဖွဲ့ချုပ်နဲ့ အာဖရိကသမဂ္ဂ စတဲ့ အဖွဲ့တွေက အခု အစ္စရေးရဲ့ လက်တုန့်ပြန်မှုဟာ “ လူမျိုးတုံးသတ်ဖြတ်မှု” ဆီကို ဦးတည် သွား စေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဟားမတ်စ်တို့ ဖမ်းထားတဲ့ ဓားစာခံ အားလုံးကို လွှတ်ပေးဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့ ပြောပါတယ်။ သူက အဲ့ဒိဒေသဟာဒေသဟာ “ချောက်ထဲကျခါနီးပြီ” လို့လည်း သတိပေးနေပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်သားတွေ ဝင်တိုက်ခဲ့ရင် အခြေအနေကို ထိန်းချုပ်ဖို့ မလွယ်တော့ကြောင်းနဲ့ ပဋိပက္ခတွေ ပိုကြီးလာတာပဲ ဖြစ်နိုင်ပြီး ဒီစစ်ပွဲကို ဘယ်သူကမှလည်း အာမခံနိုင်မှာ မဟုတ်ဘူး”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီး အဗ္ဗဒူလဟင် က ဝေဖန်ထောက်ပြလိုက်ပါတယ်။
Ref: AFP/ec
ပုံစာ။ နေရပ်စွန့်ခွာရှောင်ပြေးနေကြရသူတချို့
Feature Image crfedit: AFP/Mahmud Hams)