မြို့နယ်(၄၀)နီးပါး မာရှယ်လော(စစ်အုပ်ချုပ်ရေး)ထုတ်ပြန်

အမှုအကြောင်းအရာ(၂၃)မျိုးကို စစ်ခုံရုံးနှင့်တရားစီရင်မည်ဟုဆို

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂

နစကသည် ၂၀၂၃ ဖေဖော်ဝါရီ ၂ရက်တွင် တိုင်း၊ပြည်နယ်အချို့က မြို့နယ် ၄၀နီးပါးကို မာရှယ်လောထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်တို့မှ မြို့နယ်အများစုတွင် သက်ရောက်မည့် ယင်းမာရှယ်လောကြောင့် တိုက်ပွဲများ၊ထိတွေ့မှုများ ပိုမိုများပြားလာလိမ့်မည်ဟု နိုင်ငံရေးရာလေ့လာသုံးသပ်သူတို့က မှတ်ချက်ပေးကြသည်။

“ရန်ကုန်မှာဆိုလဲ စစ်အုပ်ချုပ်ရေးမြို့နယ်အချို့ရှိတယ်။အဲ့ဒီမှာဆို တရားစီရင်ရေးပိုင်းပေါ့။စစ်ခုံရုံးနဲ့ ဆောင်ရွက်ကြတယ်။အမှုရင်ဆိုင်ဖူးသူတွေ သိကြပါတယ်။ဒါတွေ ပိုကျယ်ပြန့်လာမှာပေါ့။နောက်ပြီး တိုက်ပွဲတွေ အဖြစ်များတဲ့ နေရာတွေကို မာရှယ်လောထုတ်တာက စစ်ဘောင်ပိုချဲ့လာတာလဲ ဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ် မာရှယ်လော ထုတ်တာကတော့ မကောင်းဘူးပေါ့”ဟု နိုင်ငံရေးလေ့လာနေသူတစ်ဦးက သူ့အမြင်ကိုပြောသည်။

အချက်လက် ကိုးကားနှင့် ဓါတ်ပုံ။ မြန်မာ့အလင်း

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *