နယူးဒေလီ၊ ဖေဖေါ်ဝါရီ ၁၃
အစိုးရနဲ့ ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက်ပိုင်း မြို့တော်နယူးဒေလီမှာ အနိမ့်ဆုံး သီးနှံစျေးနှုန်းတွေ သတ်မှတ်ပေးဖို့ တောင်းဆိုနေတဲ့ ထောင်နဲ့ချီရှိတဲ့ ဆန္ဒပြ လယ်သမားကို ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။
မြို့တော်မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာမှာရှိတဲ့ အမ်ဘာလာ မှာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ ပစ်လွှတ်ခဲ့တာကိုဒေသတွင်း ရုပ်သံလွှင့်ဌာနတွေက ပြသခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဟာ မြို့တော်ကို ဦးတည်နေတဲ့ ပတ်ဝန်းကျင်ပြည်နယ်သုံးခုက အဝေးပြေးလမ်းမကြီးတွေမှာ သတ္တုစပ်၊ ဘိလပ်မြေတွေနဲ့ သံမဏိအတားအဆီးတွေကို ကြောက်မက်ဖွယ် ပိတ်ဆို့ထားတာလည်း တွေ့ရပါတယ်။
“အများဆုံးအရေအတွက်ကို ဖြန့်ကျက်ထားပါတယ်” လို့ ဒေလီရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ ရမ်ဂျေး က AFP ကို ပြောပါတယ်။
အခုဆို့ မြိုတော် ဒေလီမှာ လူငါးဦးထက် ပိုစုဝေးတာကို တားမြစ်ထားလိုက်ပြီလည်း ဖြစ်ပါတယ်။
အိန္ဒိယကလယ်သမားအရေအတွက် များလွန်းတာမို့ နိုင်ငံရေးအရ ထိခိုက်မှုတွေ ရှိနေပြီး လာမယ့် ဧပြီလမှာ ကျင်းပမယ့် အမျိုးသား ရွေးကောက်ပွဲတွေ မတိုင်မီ ထပ်ပြီး ဆန္ဒပြမှုတွေ ဖြစ်လာမယ်ဆို ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ်လို့ လည်း သုံးသပ်နေကြပါတယ်။
အိန္ဒိယနိုင်ငံ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ သုံးပုံနှစ်ပုံဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသက်မွေး ဝမ်းကျောင်း ပြုကြပြီး နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ငါးပုံတစ်ပုံနီးပါးက စိုက်ပျိုးရေးလုပ်ငန်းတွေက လာတာလို့ လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ ရဲတပ်ဖွဲက ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို တွေ့ရပုံ
Feature Image Credit: AFP/Sajjad Hussain



