မြိတ်မြို့မှာ မီးလောင်မှုတစ်ခုဖြစ်ပွား

တနင်္သသာရီတိုင်းဒေသကြီး၊မြိတ်မြို့၊ကန်ခေါင်းရပ်ကွက်က စကားဝါတည်းခိုခန်းမှာ မေလ၁၁ရက်ညနေ၄နာရီ၄၀မိနစ်က မီးလောင် မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာက စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။

မီးလောင်မှုကြောင့် ရပ်ကွက်သမပိုင် တိုက်ခန်းမှာ ဖွင့်လှစ်ထားတဲ့ တည်းခို ခန်းတစ်ခု၊နေအိမ်တစ်လုံးနဲ့ဈေးဆိုင်ခန်း(၇)ခန်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“မီးလောင်သွားတာက ရပ်ကွက်သမပိုင် အဆောက်အဦရဲ့ အပေါ်ထပ်က စကားဝါ တည်းခိုခန်းရယ်၊၊ အောက်ထပ်က ကုန်စုံ ၁ဆိုင်၊မျက်မှန် ၂ဆိုင်၊ ဆေးဆိုင် ၁ဆိုင်၊ ကစားစရာ ၁ ဆိုင်၊ကူရှင်ဆိုင်၁ဆိုင်နဲ့ ဘေး အိမ်ကကူရှင်၁ဆိုင်တို့ပါ။မီးလောင်တဲ့အဆောက်အဦးအနေနဲ့ကတော့ ရပ်ကွက်သမပိုင် အဆောက်အဦရယ်၊ပျဉ်ထောင်နှစ်ထပ်နေအိမ်၁လုံးတို့ပါ´´လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မြိတ်မြို့ရှိ မီးသတ် တပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များနဲ့ပြည်သူလူထုများပူးပေါင်းပြီးမီးငြှိမ်းသတ်ယာဉ်များ၊ရေသယ်ယာဉ်များနဲ့အသင်းအဖွဲ့များကသွားရောက်ကူညီကယ်ဆယ် မီးငြှိမ်းသတ် ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 91 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *