မြိတ်မြို့နယ် လွန်းတင်ထားတဲ့ စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းရွာ၊ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာမှာ စက်တင်ဘာလ၁၈ရက် မနက်၈နာရီ၃၅မိနစ်က လွန်းတင်ထားတဲ့ စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုကို Lv2အဆင့်သတ်မှတ်၍ မီးငြှိမ်းသတ်ပေးခဲ့ရပြီး မနက်၉နာရီ၅မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းနေဆဲလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *