မြိတ်မြို့နယ်မှာ အုတ်တင်ယာဉ်နဲ့ ခရီး သည်တင်ယာဉ်တိုက်မိ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာအုပ်စု၊ မရင်းငယ်ကျေးရွာ၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမ ကြီး၊ မိုင်တိုင်အမှတ်(၉/၅)အနီးမှာ ဇွန် လ၃၀ရက်မနက် ၈နာရီ၅၀မိနစ်က အုတ် တင်ယာဉ်နဲ့ခရီးသည်တင်ယာဉ်တို့ တိုက် မိမှုဖြစ်ပွားခဲ့ပြီးယာဉ်နှစ်စီးပေါ်က အမျိုး သား(၄)ယောက်နဲ့အမျိုးသမီး(၆)ယောက် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာကို မြိတ်ခရိုင် မီး သတ်စခန်းက ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပေး ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို သစ္စာမေတ္ တာလူမှုကူညီရေးအသင်းမှ လူနာတင် ယာဉ်နဲ့ မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *