မြိတ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြ ဇိနမာန် အောင်ရပ်တော်မူဘုရား မြေထိန်း နံရံပြိုကျ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်မှာ ဇွန်လ၁၂ ရက် မနက်၁၀နာရီလောက်က မိုးသည်းထန်စွာရွာ သွန်းခဲ့တဲ့အတွက် မြိတ် – ထားဝယ်ပြည်ထောင်စုသွားကားလမ်းဘေးက စန္ဒဝတ်ကျေးရွာအုပ်စု ၊ ကျွဲကူးကျေး ရွာ၊ရန်ကင်းတောင်ပေါ်မှာရှိတဲ့ ဇိနမာန် အောင် ရပ်တော်မူဘုရားရင်ပြင်မှာ ကာရံ ထားတဲ့ မြေထိန်းနံရံ အချို့ပြိုကျပျက်စီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့ မြေထိန်းနံရံအတိုင်းအ တာမှာ အရှည်ပေ ၈၀ ခန့်၊ အနံ ၁၂ ပေ လောက်ရှိတယ်လို့လည်းဒေသခံတွေ ဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *