မြိတ်မြို့နယ်မှာ ဘုန်းကြီးကျောင်းအနီးက ရေကန်ထဲရေဆင်းကူးတဲ့ ကျောင်းသားလူ ငယ်နှစ်ယောက် ရေနစ်သေဆုံး

ရေနစ်သေဆုံးခဲ့ရတဲ့ ကျောင်းသားလူ ငယ်နှစ်ယောက်မှာအသက်၁၄နှစ်အရွယ် Grade10ကျောင်းသားများဖြစ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီး ချောင်း ကျေးရွာ၊ သဲအင်းဂူအတက်လမ်း၊ မေဃဝတီ ဘုန်းကြီးကျောင်းနံဘေးက ရေကန်မှာ ရေဆင်းကူးတဲ့ ကျောင်းသားလူငယ်နှစ်

ယောက် ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဇွန်လ၁၁ ရက်ညနေ ၃နာရီ၂၅မိနစ်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနစ်သေဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ် နှစ်ယောက်မှာ မြိတ်မြို့နယ်၊ကလွင် ကျေးရွာအုပ်စုနေ မောင်ဝင်းထိန်စိုးနဲ့ မောင်အောင်ကောင်းကျော်တို့ဖြစ်ကြပြီး အ ထက(၁)မြိတ်မှာ Grade10တက်ရောက် နေသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ၂ယောက်ရဲ့ရုပ်အလောင်းကို ရာသက်ပန်ပရဟိတနာရေးကူညီမှုအသင်း (မြိတ်)က မော်တော်ယာဉ်များနဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *