မြိတ်မြို့က ကရုဏာ နာရေးကူညီမှုအသင်းရုံးမှာ မီး လောင်မှုဖြစ်ပွား

■မီးလောင်မှုကြောင့် အသင်းရုံးအပါအဝင် အသင်းပိုင်လူနာတင်ယာဥ်၅စီး ဆုံးရှုံးခဲ့ရတဲ့အပြင် အသင်းရုံးအနီးက လူနေအိမ်၄ လုံးလည်း မီးထဲပါသွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဇေယျာသီရိ (၄) ရပ်ကွက်၊ အောင်သပြေလမ်းက ကရုဏာ နာရေးကူညီမှုအ သင်းရုံးမှာ ဖေဖော်ဝါရီလ၁၁ရက် မနက်၂နာရီခွဲခန့်က မီး လောင်မှုဖြစ်ပွားခဲ့ပြီး အသင်းရုံးအပါအဝင် အ သင်းပိုင်လူနာတင်ယာဥ်၅စီး ဆုံးရှုံးခဲ့ရတဲ့အပြင် အ သင်းရုံးအနီးက လူနေအိမ်၄ လုံးလည်း မီးထဲပါသွားတယ်လို့ လူမှုကူညီရေးအသင်းအသိုင်းအဝိုင်းက သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အသင်းဝင်တစ်ဦးက ” စိတ်မကောင်းရဆုံးနဲ့ဝမ်းအနည်းရဆုံးနေ့ ပြောစရာစကားမရှိလောက်အောင် ရင်ထဲတကယ့်ကို စို့နင့်ရပါတယ်။က ရုဏာရုံးခန်း မီးလောင်နေတယ် ဆိုတဲ့ အသံကြားရတာနဲ့ ရေကား ယူပြိး အရောက်သွားခဲ့တယ်။ ကျွန်တော်တို့ လေးစားအား ထားအားကျ​ရတဲ့ ကရုဏာဥက္ကဌကြီးကို မြင်လိုက်ရတာ ရင်ထဲကိုတကယ်ခံစားရတယ်။ကျွန် တော်တို့ မီးစလောင်တဲ့အချိန်ကနေ မနက်လင်းတဲ့အထိ အစကနေအဆုံးကူညီဆောင် ရွက်ပေးခဲပါတယ်။မီး လောင်သွားခဲ့တဲ့ ကရုဏာရုံးခန်းရယ် နာရေးကားတွေရယ် လူနေအိမ်တွေရယ်ကို ကျွန်တော်တို့ ပါရမီနာရေးကူညီမူအသင်းက ကရုဏာနာရေးကူညီမှုအသင်းသား များနှင့်ထပ်တူ စိတ်မကောင်း ဝမ်းနည်းရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့အကြောင်းအရင်းနဲ့ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မီးသတ်ဦးစီးဌာနက စိစစ်တွက် ချက်နေဆဲဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာကို မြိတ်မြို့ နယ်မီးသတ်စ ခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီး သတ်ရေသယ်ယာဉ်(၃)စီး၊လူမှု ရေးအသင်းများမှ ရေသယ်ယာဥ်များတို့နဲ့ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *