မြဝတီ သင်္ကန်းညီနောင်ရွာ သစ်တောရုံးအနီး တွဲကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွား

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်ရွာ၊သစ်တောရုံးအနီးမှာ နိုဝင်ဘာလ၂၀ရက်မွန်းလွဲ၂နာရီ၁၄မိ နစ်က တွဲကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူအမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို သင်္ကန်းညီနောင်လူမှုကယ် ဆယ်ရေးအဖွဲ့ က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားနဲ့သေဆုံးသွားသူအမျိုးသားရဲ့ရုပ်အလောင်းတို့ကို လူနာတင်ယာဥ်နဲ့ မြဝတီဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *