၁၉၊စက်တင်ဘာ၊၂၀၂၃
မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် ဈေးရောင်းနေသည့် မြန်မာအမျိုးသမီး၄ ဦး အဖမ်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက မြဝတီဘက်မှ လာရောက်ရောင်း ချတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအားလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ၃ ဦးမှာ နယ်စပ်ဖြတ်ကျော်လက်မှတ် ၇ ရက်နေထိုင်ခွင့်ကဒ်ပြုလုပ်ကာ မဲဆောက်ဘက်ခြမ်းသို့ ဝင်လာသူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက လဝက ယင်းတို့အား မဲဆောက်ရဲစခန်းသို့ ပို့ဆောင်၍ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုကာ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
Photo Crd -Tak Immigration