မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး ပြန်ဖွင့်

လမ်းတလျောက်မှာ စစ်သား၊ရဲနဲ့BGFအဖွဲ့တွေက လုံခြုံရေးရယူပေးထား

မြဝတီ၊မတ် ၃၀

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်နေ တာကြောင့် လုံခြုံရေးစိတ်မချရတဲ့အတွက် ယာယီပိတ်ထားခဲ့တဲ့ မြဝတီ-ကော့ကရိတ် သွား အာရှလမ်းမကြီးကို မတ်လ၃၀ရက် နံနက်ပိုင်းကစတင်ပြီး လုံခြုံရေးတပ်ဖွဲ့က ပြန်ဖွင့်ပေးခဲ့တယ်လို့ ကုန်တင်ယာဉ် မောင်းအသိုင်းအဝိုင်းကနေသိရပါတယ်။

“မနေ့က ပိတ်မိနေတဲ့ကားတွေကို ဖွင့် ပေးခဲ့ပေမယ့် ညနေ၆နာရီလောက်မှာ လုံ ခြုံရေးကြောင့် ပြန်ပိတ်သွားတယ်။ ဒီမနက် တော့ကားတွေအကုန်လုံး အာရှလမ်းပေါ် ပြန်ဖြတ်ခွင့်ပေးထားပါတယ်´´လို့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။

အာရှလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နဲ့၂၆တို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ယာယီပိတ်ထားခဲ့လို့ အိမ်စီးကား တွေ၊ခရီးသည်တင်ကားတွေနဲ့ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေခဲ့ကြတာပါ။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *