မြဝတီမှာ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက် ပွဲများ ၂ရက်ဆက်တိုက် ဖြစ်ပွားနေ

တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြား ထွက် ပြေးတိမ်း ရှောင်နေရ

ထိုင်းနိုင်ငံဘက်အခြမ်းကို စစ်ဘေးရှောင်ဖို့ စောင့်နေတဲ့ မြဝတီ က ပြည်သူများ
ဓါတ်ပုံ။ CJ

ကရင်ပြည်နယ်၊မြဝတီမြို့၊ထိုင်း-မြန်မာအမှတ်(၂) ချစ် ကြည်ရေးတံတားအနီးမှာ စစ်တပ်နဲ့KNLAပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြားမှာ ဧပြီ၁၉ရက်နေ့ကစပြီး ၂ရက် ဆက် တိုက်ပွဲများဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲများကြောင့် အမျိုးသမီး၄ဦးနဲ့အမျိုးသား၁ဦး သေ ဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“စစ်တပ်ကလည်း လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်သလို KNLAပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း Dropဗုံးကျတိုက်ခိုက်တာတွေ လက်နက်ကြီး လက် နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်။သူတို့တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ သေ ဆုံးမှုတွေလည်း ရှိပါတယ်”လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

နောက်ဆုံးရရရှိတဲ့သတင်းများအရကတော့ စစ်ဘေးရှောင်ဖို့ပြည်သူအများအပြားသွားကြတဲ့ အမှတ်၁တံ တား ပိတ်ထားတဲ့အတွက် တံတားအနီးမှာ စစ်ဘေးရှောင်ပြည်သူထောင်နဲ့ချီ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *