ကရင်ပြည်နယ်၊မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ(၃) လမ်းက နေအိမ်တစ်အိမ်အတွင်းမှာ အောက်တိုဘာလ၅ရက်မနက်၇နာရီခွဲလောက်က လင်မယားနှစ်ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိပါတယ်။
လင်မယားနှစ်ယောက်ကို ဘယ်အဖွဲ့က ဘာကြောင့် သတ်ရတာလဲဆိုတာကိုတော့ မသိရသေးဘဲ အမျိုးသားဖြစ်သူမှာလည်ဂုတ် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်နဲ့သေဆုံးသွားခဲ့သလို အမျိုးသမီးဖြစ်သူမှာလည်း ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်နဲ့သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားတဲ့လင်မယားနှစ်ယောက်အမည်ကတော့ကိုသန်းထိုက်အောင်(၃၄နှစ်)(အရောင်းအဝယ်)နဲ့ဇနီးမနှင်းနှင်းဝေ(၂၁နှစ်)တို့ ဖြစ်ကြပြီး မြဝတီမြို့၊အမှတ်(၄)ရပ် ကွက်၊ ပန်းခြံ(၃) လမ်းက သူတို့ရဲ့နေအိမ်မှစတင် အသတ်ခံ ကြရတာလို့လည်း သိရပါတယ်။
Visited 14 times, 1 visit(s) today