ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊အမှတ်၄ရပ် ကွက်၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်းထဲက သစ်ပင်အောက်မှာ တစ်ဦးတည်းထိုင်နေတဲ့ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးကို အောက်တိုဘာ၁၇ရက်နေ့ညနေ ၅နာရီခွဲက PDF အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့သူဟာ ငှက်ဖျားတိုက်ဖျက်ရေးကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ်ဦးစိုးမင်းအောင်ဆိုသူဖြစ်ပြီး သေနတ်ဒဏ် ရာ (၃) ချက်ထိမှန်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် ညနေ ၆နာရီ ၂၅မိနစ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Visited 45 times, 1 visit(s) today



