မြဝတီခရိုင်ရဲရုံး Dropဗုံးချတိုက်ခိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ရဲတွေထဲက ၄ဦးဟာ ဆေးဝါးကုသမှုခံယူရင်း သေ ဆုံးသွားခဲ့

ကရင်ပြည်နယ်၊မြဝတီမြို့က ခရိုင်ရဲရုံးကို Dropဗုံးချတိုက်ခိုက်မှုဖြစ်စဉ်မှာ ဒဏ် ရာရှိခဲ့တဲ့ရဲ ၅ဦးကို မြဝတီကနေ မဲဆောက် အပြည်ပြည်ဆိုင်ရာဆေးရုံကို လွှဲပြောင်း ကုသမှုခံယူခဲ့ပေမယ့် ၄ဦးဟာသေဆုံးသွား ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

မဲဆောက်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒုရဲမှူးမျိုးဝင်း၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ဒုရဲအုပ်သက်ခိုင်၊ရဲဒုတပ်ကြပ်မျိုးမင်းသော်တို့ဖြစ်ကြပြီး ခရိုင် ရဲမှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း ကတော့ ဆက်လက်ဆေးဝါးကုသမှုခံယူ နေဆဲလို့ သိရပါတယ်။

မြဝတီမြို့က ခရိုင်ရဲရုံးကို ဒရုန်းနဲ့Dropဗုံးချ တိုက်ခိုက်မှုဖြစ်စဉ်က စက်တင်ဘာလ ၃ရက်နေ့ ညနေ၆နာရီ၂၀မိနစ်ကဖြစ်ပွားခဲ့ တာဖြစ်ပြီး ဖြစ်စဉ်အတွင်းမှာ ခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးတင့်၊ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မင်း၊ ရဲ အုပ်နေလင်းစိုး၊ထွေအုပ် ဦးစီးအရာရှိ ထွန်းထွန်ညိမ်းနဲ့ထွေအုပ် အကြီးတန်းစာ ရေးဦးပြည့်ဖြိုးအောင်တို့ ၅ဦးဟာ အခင်း ဖြစ်နေရာမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ယခု အခါသေဆုံးသူ၄ဦးထပ်မံတိုးလာတာ ကြောင့် သေဆုံးအရေအတွက်ဟာ ၉ဦး အထိ ရှိလာပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *