ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှာ စက်တင်ဘာလ (၃) ရက် ညနေ(၆) နာ ရီ (၂၀)မိနစ်က နယ်မြေခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒရုန်းနဲ့ ၆၀မမဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တပ်ရင်းမှူးတစ်ဦး အပါအဝင် ၅ဦး သေဆုံးခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ဖြစ်စဉ်ကတော့ စက်တင်ဘာလ၃ရက်ညနေ၆နာရီ၂၀မိနစ်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးလုပ်နေချိန် နယ်မြေခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ ၆၀မမဗုံးသီးချိတ်ဆွဲထားတဲ့ ဒရုန်းနဲ့ ၂ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ရာ ဗုံးသီးနှစ်လုံးသည် ခရိုင်ရဲတပ်ဖွဲ့ မှူရုံး အစည်းအဝေးခန်းမပေါ်မှာ တစ်လုံးပေါက်ကွဲခဲ့ပြီး အစည်းအဝေးခန်းမ အမိုးပေါက်ပြဲပျက်စီးသွားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး အိမ်ဘေးကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပစ္စည်းအဟောင်းများ ထားရှိသည့် စတိုခန်းဘေးအကာများ ပျက်စီးခဲ့တာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့တွေကသွားရောင်စစ်ဆေးနေချိန် ည၇နာရီလောက် မှာ ၆၀မမဗုံးသီးချိတ်ဆွဲထားတဲ့ ဒရုန်းနဲ့နောက်ထပ်၂ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ ခရိုင်ရုံးရဲ့ဆင်ဝင်အောက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူဦးစိုးတင့်၊ယာယီတပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးအောင်ကျော်မင်း၊ရဲအုပ်နေလင်းစိုး၊ထွေအုပ် ဦးစီးအရာရှိ ထွန်းထွန်ညိမ်း၊ထွေအုပ်အကြီးတန်းစာရေးဦးပြည့်ဖြိုးအောင်တို့သေဆုံးခဲ့ရပြီး ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးအောင်ထက်ဝင်း၊ဒုရဲမှူးမျိုးဝင်း၊ဒုရဲမှူး ထွန်းထွန်းနိုင်၊ဒုရဲအုပ်သက်ခိုင်၊ရဲဒုတပ်ကြပ်မျိုးမင်းသော်တို့မှာ ပြင်းထန်စွာဒဏ်ရာရရှိကြပြီးဒုရဲအုပ် လွင်မိုးဦး၊ဒုရဲအုပ် ဝင်းကျော်စိုးရဲဒုတပ်ကြပ်၊ကျော်ဖြိုးဝင်း၊ရဲဒုတပ်ကြပ်ပြေသိန်း၊ရဲတပ်သားကျော်ဖြိုးဝင်နဲ့ရဲတပ်သားထွန်းလင်းဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရမ်ရ)တို့ ရရှိခဲ့ကြတယ်လို သိရပါတယ်။