မေ ၂၆ ရက်က နေပြည်တော်မှာ မြန်မာနဲ့တရုတ်နှစ်နိုင်ံငံအကြား ပုဂ္ဂလိကကဏ္ဍ ပူးပါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေက စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်နေပေမယ့် တရုတ်ကတော့ စစ်ကောင်စီနဲ့ စီးပွားရေးတွေ တိုးချဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။
ပုဂ္ဂလိကကဏ္ဍပူးပါင်းဆောင်ရွက်ရေးမြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာမယ်လို့ ဆွေးနွေးပွဲမှာ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ပြောကြာထားပါတယ်။
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်ရေးတိုးတက်စေဖို့ အဓိကထားလုပ်ဆောင်နေတယ်လို့ ၄င်းကပြောကြားတယ်။ ကုန်စည်ပြပွဲတွေမှာ ပါဝင်ခြင်းအားဖြင့် နှစ်နိုင်ငံက လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးအခွင့်အလန်းတွေရရှိစေဖို့ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန် တန်ရှူဖူးက တရုတ်နဲ့မြန်မာဟာ ပေါက်ဖော် ဆက်ဆံရေးတည်ထောင်ထားကြပြီး ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးတစ်နိုင်ငံလည်းဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပို့ကုန်စျေးကွက်လည်းဖြစ်တယ်။ နှစ်နိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလန်းတွေများစွာရှိနေတယ်လို့ ၄င်းကပြောပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနဲ့တရုတ် ကုန်သည်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဟာ လုပ်ငန်းစာချုပ်တွေချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။