မြန်မာ့ ပင်လယ်ပြင်မှာ ကျပ် ၃၆ ဒသမ၂၅ ဘီလီယံတန် ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)တွေ ဖမ်းဆီးရမိ

မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၊မြန်မာ့ပင်လယ်ပြင်မှာ ဇန်နဝါရီလ၄ ရက်ညနေ၃နာရီခွဲက သစ်သားကိုယ်ထည်စက်လှေတစ်စီး ပေါ်က ဒေသကာလတန်ဖိုးငွေကျပ် ၃၆ ဒသမ၂၅ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဇန်နဝါရီလ၄ ရက်ညနေ၃နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အ ရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင် (ခန့် မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၊မြန်မာ့ပင်လယ်ပြင်မှာ အ လျား ၅၄ ပေ၁၀လက်မ၊ အနံ ၁၁ပေ၊ ရေစူး ၄ ပေခန့်အ ရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်နဲ့ စက်လှေကို စစ် ဆေးရှာဖွေရာ စက်လှေပေါ်မှာ အောင်သိန်း(ခ)ဝတုတ်၊တူးနိုင်၊ မောင်ဇော်နဲ့ဖိုးလပြည့်တို့ ၄ ဦးတို့ကို ဒေသကာလတန် ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က အိုက်စ်(မက်သ်အ ဖက်တမင်း)များ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော်ကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းမှာဆက်ဘလက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ဟိုင်းကြီးကျွန်းမြို့ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အ ကွာ ပင်လယ်ပြင် ကော့သောင်းရေပိုင်နက်ကို သယ် ဆောင်ပြီး အဲ့ဒီကနေ ပြည်ပကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အိုက်စ်(မက်သ်အဖက်တမင်း)တွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တာ ဝန်ခံသယ်ဆောင်သူများဖြစ်တဲ့ ချစ်ထူးနိုင်(ခ) ဆ ရာချစ်နဲ့ကျော်ဇင်ဦး တို့ပါ တရားခံ ၇ ဦးကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *