- အသက် ၇၀ ကျော် ဗြိတိန်နိုင်ငံသား ခရီးသည် တစ်ဦး သေဆုံးပြီး နောက်ထပ် အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့
၂၂ မေ၊၂၀၂၄
လေကြောင်းပြင်းထန်မှုကြောင့် ထိုင်းလေဆိပ်ကိုအရေးပေါ် ဆင်းခဲ့ရတဲ့ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံးလေကြောင်းလိုင်းတစ်ခုလို့လည်း
နာမည်ကြီးတဲ့ စင်ကာပူလေယာဉ် Boeing 777-300ER SQ321 ဟာ မနေ့က မွန်းလွဲပိုင်း ၃ နာရီ ၄၅ မိနစ်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
လန်ဒန်ကနေ ၁၀ နာရီကျော်ကြာ ပျံသန်းလာတဲ့ ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်အမှုထမ်း၁၈ဦးလိုက်ပါလာတဲ့ အဲ့ဒီ့လေယာဉ်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထက် အမြင့်ပေ ၃၇၀၀၀ ကို ရောက်စဉ် ရုတ်တရက်လေထုမငြိမ်သက်မှုကို ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရပြီး အသက် ၇၀ ကျော် ဗြိတိန်နိုင်ငံသား ခရီးသည် တစ်ဦး သေဆုံးပြီး နောက်ထပ် အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
စင်ကာပူလေကြောင်း လေယာဉ်ပေါ်မှာ လူသေဆုံးမှုဟာ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်တယ်လို့ဆိုကြပါတယ်။
Visited 112 times, 1 visit(s) today



