နည်းပြအဖွဲ့မှာ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ဦးမောင်မောင်မြင့်နဲ့ ဦးကိုကိုအောင် (ဂိုးနည်းပြ)တို့ ပါဝင်လာ မှာဖြစ်
ရန်ကုန်၊ မတ်
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Michael Feichten beinerကို နည်းပြချုပ် အဖြစ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Michael Feichtenbeinerဟာ အသက် ၆၃နှစ်အရွယ်ဖြစ်ပြီး နည်းပြဘဝကို ၁၉၈၉ ခုနှစ်မှာ ဆွစ်ဇာလန်ကလပ် BSC Old Boys Basel နဲ့စတင်ခဲ့ပြီး ဂျာမနီ၊ဩစတြီး ယား၊ အင်ဒိုနီးရှား၊ မလေးရှား တို့မှာ ကလပ်အသင်းတွေကို နည်းပြအဖြစ် ဆောင် ရွက် ပေးခဲ့ပြီး ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ၁၇ လက်ရွေး စင် အသင်းများအား ကိုင်တွယ်ခဲ့ပါ တယ်ယ ၂၀၂၀ မှစတင်ကာ မလေးရှားကလပ် ဆီလန်ဂေါမှာ နည်းစနစ် ဒါရိုက်တာနဲ့ နည်းပြ ချုပ် တာဝန် ထမ်းဆောင် ခဲ့ဖူးတယ်လို့ သိရ ပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်အသစ်Michael Feichtenbeiner ဟာ သူနဲ့အတူ လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက် အန်ဒရီ ပါဝင်လာမှာဖြစ်ပြီး နည်းပြအဖွဲ့ကို ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်း ထွန်း၊ ဦးမောင်မောင် မြင့်နဲ့ ဦးကိုကိုအောင် (ဂိုးနည်းပြ)တို့တွဲဖက်တာဝန်ထမ်းဆောင် သွား မှာလို့လည်း သိရပါတယ်။