တရုတ်နိုင်ငံ၊ရှင်ကျန်းမြို့မှာ ဒီဇင်ဘာလ၂၁ရက်မှ၂၅ ရက်အထိကျင်းပနေတဲ့ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲဖြစ်တဲ့ Global Tea Fair Shenzhen (Autumn) 2023 မှာ မြန် မာနိုင်ငံကပါဝင်ပြသခဲ့တဲ့ TGT Teaရဲ့ Jade Leaf လက် ဖက်ခြောက်ဟာ အထူးရွှေတံဆိပ်ဆု ရရှိခဲ့တယ်လို့ မြန်မာ နိုင်ငံလက်ဖက်အသင်းက ဒီဇင် ဘာ၂၂ရက် ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲGlobal Tea Fair Shenzhen (Autumn) 2023 မှာ မြန်မာနိုင်ငံဟာ Bio-trade Project ရဲ့ အကူအညီနဲ့ မြန်မာ့လက်ဖက်ပုံစံမျိုးစုံကိုပြခန်း၇ခန်းပါဝင်ပြသခဲ့တဲ့အပြင် အထူး eventတစ်ခုအ ဖြစ် မြန်မာ့လက်ဖက်အစိုကို တိုင်းရင်း သားဝတ်စုံများ ဝတ်ဆင်ပြီး ပြပွဲလာဧည့်သည်များ အမြည်းစားသုံးနိုင်ဖို့ ထုတ်ဖော်ပြသခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
Photo- MTA
Visited 191 times, 1 visit(s) today



