မြန်မာ့ယဥ်ကျေးမှုကို ဆန့်ကျင်ပြီး ညစ်ညမ်းတဲ့တေး သီချင်းဗွီဒီယိုရိုက်ကူးထုတ်လွှင့်ရာမှာ ပါဝင်သူများကို တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားတော့မှာ ဖြစ်

မြန်မာ့ယဥ်ကျေးမှုကို ဖီလာဆန့်ကျင်ပြီး ညစ်ညမ်းတဲ့တေး သီချင်းဗွီဒီယိုရိုက်ကူးထုတ်လွှင့်ရာမှာ ပါဝင်သူ များကို တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားတော့မှာ ဖြစ်တယ်လို့ ပြန် ကြားရေးဝန်ကြီးဌာနအနေနဲ့ ဇန်နဝါ ရီလ၁၃ရက်နေ့ ရက်စွဲနဲ့ သတိပေးတားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်ပြီး ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံ ကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင် ရွက်လျက်ရှိပြီး ယခု အခါ အချို့တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများအ နေနဲ့ ထင်ပေါ်ကျော်ကြားမှု ရရှိစေဖို့အတွက် မြန်မာ့ယဉ် ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက် နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြတာကို စိစစ်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အ ပြောအဆို၊ အပြုအမူများ ပါဝင်တဲ့ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်ပြီး ထုတ်လုပ်သူ ၊ စီစဉ်ရိုက် ကူးသူ ၊ သ ရုပ်ဆောင်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သတိပေးကြေညာချက်ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *