မြန်မာ့ပန်းချီလောကမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး ဦးဇော်ဝင်း(သစ်ထွင်း)ဟာ ဇန်နဝါရီလ၂၄ရက်မနက်၁၀ခန့်က မန္တလေးမြို့မှာ ကွယ်လွန်သွားပြီလို့ ပန်းချီအ သိုင်းအဝိုင်းကသိရပါတယ်။
ဆရာကြီးကွယ်လွန်တာနဲ့ပတ်သက်ပြီ ပန်းချီဆရာတစ်ဦးက”ပန်းချီလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါ။ဆရာကြီးကောင်းရာဘုံဘဝကို ရောက်ရှိခံစားနိုင်ပါစေ”လို့ ဝမ်းနည်းစကားပြောပါတယ်။

ဆရာကြီးဦးဇော်ဝင်းကို ဧရာဝတီတိုင်း၊ဘိုကလေးမြို့ နယ်၊ ကျိုက်ပိကျေးရွာမှာ ၇ နိုဝင်ဘာ ၁၉၄၄ ခုနှစ်မှာမွေးဖွားခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပါတယ်။၁၉၆၄ခုနှစ်မှာ နိုင်ငံတော်ပညာသင်ဆုနဲ့တရုတ်နိုင်ငံမှာ သစ်ထွင်းပုံနှိပ်ပန်းချီပညာကို သင်ကြားတတ်မြောက်ခဲ့ပါတယ်။ဆရာ ကြီးဟာ ရန်ကုန်နဲ့မန္တလေးက ပန်းချီပန်းပုကျောင်းတွေမှာ ပန်းချီပညာတွေကို မျိုးဆက်သစ်ပန်းချီဆရာများကို သင်ကြားပေးခဲ့ပါတယ်။
ဆရာကြီးဟာ သစ်ထွင်း ပန်းချီအပါအဝင် ပန်းချီပြပွဲပေါင်းများစွာ ပြုလုပ်ခဲ့တဲ့အပြင် သစ်ထွင်းပုံနှိပ်ပန်းချီလက်ရာတွေ သာမက ဆီ ဆေးပန်းချီ၊ ရေဆေးပန်းချီ လက်ရာမွန်တွေကိုလည်း အများအပြား ဖန်တီးရေးဆွဲခဲ့ပြီး အသက်အရွယ်ရလာတဲ့လအချိန်အထိလည်း လှပတဲ့ ရေဆေးပန်းချီလက်ရာတွေ ဆက် လက်ဖန်တီး ရေးဆွဲနေဆဲတဲ့ ဂန္တဝင်ပန်းချီ ဆရာကြီးတစ်ဦးဖြစ်ပါတယ်။ ဆရာကြီးဟာ ကွယ်လွန်သွားချိန်မှာအသက်၈၀ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစေပါတယ်။



