မြန်မာအလုပ်သမားတစ်ဦးတစ်ညလုံးပန်ကာဖွင့်၍အိပ်နေစဉ် သေဆုံးမှု ကိုရီးယားတွင် ဖြစ်ပွား

ကိုရီးယားနိုင်ငံတွင်မြန်မာအလုပ်သမားတစ်ဦးတစ်ညလုံးပန်ကာဖွင့်၍အိပ်နေစဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ကိုသူရဖြိုး ဆိုသူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်တံခါးမြို့နယ် အင်းပတ်လည်အုပ်စု ကြို့ကုန်းရွာ က ဖြစ်ကြောင်း၊ ၁၁ နှစ်အရွယ် သမီးငယ်တစ်ဦး ၏ ဖခင် ဖြစ်ကြောင်းလည်း သိရသည်။

ကိုသူရဖြိုးသည် ကိုရီးယားနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်၍ အလုပ်လုပ်နေသူ ဖြစ်ပြီး ကိုရီးယားကို ရောက်သည်မှာ ၄ လ ခန့်သာ ရှိသေးကြောင်းနှင့် မှို စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

“ပဲခူးမြို့ ကျောက်တံခါးမြို့နယ်၊အင်းပတ်လည်အုပ်စု၊ကြို့ကုန်းရွာနေ အဖ ဦးကျော်မြင့်၊ အမိဒေါ် ခင်ထွေးတို့၏ သား ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် သမီးတစ်ယောက်ရဲ့ ဖခင် ကိုသူရဖြိုး အသက် ၃၃ နှစ်ဟာ ၂၀၂၃ ခု ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ် ချန်းဝမ်မြို့ ချန်းညောင်းမြို့နယ် ဂျန်းမာရပ်ကွက်ရှိနေအိမ်မှာ အိပ်နေစဉ် ကွယ်လွန်သွားခဲ့ပါတယ်။ကိုသူရဖြိုးဟာ တညလုံး ပန်ကာဖွင့် အိပ်ခဲ့ကြောင်း မနက်ပိုင်း ထမလာ၍ အလုပ် အတူလုပ်နေတဲ့ မြန်မာ လုပ်သား သူငယ်ချင်းက သွားနိုးတဲ့အခါ အသက်မရှိတော့သဖြင့် အလုပ်ရှင်ကို အကြောင်းကြားခဲ့ပါတယ်။လက်ရှိ အအေးတိုက်မှာ ထားရှိထားပြီး ရဲဆေးစစ်ချက် ခံယူရမှာဖြစ်ပါတယ်။အသုဘ အစီအစဉ်များကို အသေးစိတ် ထပ်မံ ကြေညာပေးပါမယ်။ကိုသူရဖြိုးဟာ ကိုရီးယားကို ဒုတိယ အကြီမ် ပြန်ရောက်လာတာဖြစ်ပြီး ၄ လသာ ရှိပါသေးတယ်။ မှို စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေတာပါ”ဟု ကိုဇော်မိုးအောင် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *