မြန်မာသင်္ဘောသားတစ်ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် ကိုရီးယားနိုင်ငံတွင် ဖမ်းဆီးထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းမြန်မာသင်္ဘောသားသည် သက်ဆိုင်ရာ သင်္ဘောတွင် တာဝန်ထမ်းဆောင်ရန် ထိုင်းနိုင်ငံမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ရာ ကိုရီးယားနိုင်ငံလေဆိပ်အကောက်ခွန်၌ ၎င်းသယ်ဆောင်လာသည့် ဆေးခြောက်အဆီပါဝင်E-စီးကရက်ကိုစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါ သင်္ဘောသားအား ကိုရီးယားနိုင်ငံ၌မူးယစ်ဆေး ဝါးအမှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ အဆိုပါ ဆေးခြောက်အဆီကို ထိုင်းနိုင်ငံမှဝယ်ယူ သယ်ဆောင်ခဲ့သည်ဟု ထွက်ဆိုထားကြောင်းလည်း သိရသည်။
ပြည်ပနိုင်ငံများသို့ သင်္ဘောတက်ရောက်ရန် ထွက်ခွာမည့် သင်္ဘောသားများ အနေဖြင့် အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများက ကြိုတင်သတိပေးဆောင်ရွက်နိုင်ရေးအတွက် ယခုအခါ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MSESF) ထံ အကြောင်းကြားထားကြောင်းလည်း သိရသည်။