မြန်မာလုပ်သားတစ်ဦးကို မြန်မာလုပ်သားလူမိုက်ဂိုဏ်းက ပြန်ပေးဆွဲပြီး သတ်ဖြတ်မှုထိုင်းနိုင်ငံတွင်ဖြစ်ပွားဟုဆို

မြန်မာလုပ်သားတစ်ဦးကို မြန်မာလုပ်သားလူမိုက်ဂိုဏ်းက ပြန်ပေးဆွဲပြီး သတ်ဖြတ်မှုထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်ည်။

အသတ်ခံရသူမှာ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ ကရထုန်ဘဲန်မြို့နယ်၊ ခယ်ရိုင်ရပ်ကွက်ရှိပြန်ကျစျေး ဆိုင်ခန်းနေ မြန်မာလုပ်သား ကိုစောအောင်ဆိုသူဖြစ်ကြောင်းသိရသည်။

ယင်းကို မြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင် ၅ ဦးက ကိုစောအောင်၏ ကားဖြင့်

ခေါ်ဆောင် ဖမ်းဆီးသွားသည်ကိုလုံခြုံရေးကင်မရာမှတ်တမ်းကတစ်ဆင့် သိရှိခဲ့ရကြောင်းသိရသည်။

ကိုစောအောင်၏ ရုပ်အလောင်းကို စမွတ်ဆွန်ခရမ်ပြည်နယ်၊ စမွတ်ဆွန်ခရမ်မွိုင့်မြို့၊ ဘန်ကျကရိန်ကျေးရွာအုပ်စုရှိ ရွာအမှတ်-၄ ပုဇွန်ကန်တွင် တွေ့ရှိခဲ့ကြောင်း

ရဲမှူးချုပ် Thanayut Wutcharathamrong ၏ ပြောကြားသည်ကို ကိုးကား၍ news.ch7က ရေးသားထားသည်။

အဆိုပါမြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင်များကို ဇွန်လ ၅ ရက်က ကန်ကျနဘူရီပြည်နယ်၊ Thong Pha Phum မြို့နယ်ရှိ တောတွင်းနေအိမ်တစ်လုံး၌ သက်သေနှင့်အတူ တွေ့ရှိခဲ့ကြောင်း၊ လူမိုက်ဂိုဏ်းအဖွဲ့ဝင် ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်းသိရသည်။

လူမိုက်ဂိုဏ်းအဖွဲ့ဝင်တစ်ဦး၏ဇနီးအား အဓမ္မပြုကျင့်ခဲ့‌သောကြောင့် ကိုစောအောင်၏လည်ပင်းကိုဖြတ် သတ်ကာ အလောင်းကို စွန့်ပစ်ခဲ့ကြောင်းဖမ်းမိသူက ထွက်ဆိုထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *