မြန်မာနဲ့ရုရှား ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်​လေ့ ကျင့်ခန်း ဆောင်ရွက်မှာဖြစ်လို့ ရေကြောင်းနဲ့လေ ကြောင်း သတိပေးချက် ထုတ်ပြန်ထား

မြန်မာနဲ့ရုရှား ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်​လေ့ ကျင့်ခန်းကို နိုဝင်ဘာလ၇ ရက် ကနေ၉ရက်အထိ ကပ္ပလီပင် လယ်ပြင် မြောက်ပိုင်းရေပြင်မှာ ဆောင်ရွက်မှာဖြစ်လို့ရေ ကြောင်းနဲ့လေကြောင်း သတိပေးချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ၅ရက်က ထုတ်ပြန်ထားပါတယ်။

ပင်လယ်ပြင်​လေ့ကျင့်ခန်း(Maritime Security Exercise ) ကို ဆောင်ရွက်ရာမှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ ကျင့်ခန်းများနဲ့လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လေ့ ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စတဲ့ Coordinates အမှတ်များ ဆက်ဆွဲထားပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းဧရိယာအတွင်းမှာ လေ့ကျင့်ခန်း ဆောင် ရွက်ချိန်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအ တွက် ဧရိယာမှ ၅ မိုင်ပတ်လည်မှာ သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေဖို့နဲ့လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *