မြန်မာနိုင်ငံ၊ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ဟိုပင်မြို့ရဲ့ အနောက်မြောက် (၂၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၁၇)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့် ရှိတဲ့မြေလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လိူ့ သိရပါတယ်။


မြေငလျင်လှုပ်ရှားမှုကြောင့် မိုးညှင်းမြို့နယ် ဟိုပင်မြို့ဒေသရှိ အင်းလေးကျေးရွာ၏အရှေ့တောင်ကူးတောင် ရွှေတောင်ဦးစေတီတော်မြတ်ကြီးဟာ(မေလ 31 ရက် ညနေပိုင်း ၅နာရီ၅၀မိနစ်အချိန်တွင်မြေငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အထက်ပစ္စယံ ရှိရေကန်တည်မှာ အက်ကြောင်းများဖြင့် ချို့ယွင်းကာပျက်စီးသွားခဲ့ပြီးဘုရားထီးတော်မှာ ပိန္နဲ တိုင်ယိုင်ညွတ်သွားပြီး စိန်ဖူးတော်မှာပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် မြေငလျင်ကြောင့် ဟိုပင်မြို့နဲ့အနီးတဝိုက်ကပြည်သူများအနေနဲ့ပျက်စီးဆုံးရှုံးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

