မြန်မာနိုင်ငံ ပဋိပက္ခဆိုင်ရာ ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေ

ဂျကာတာ၊ အောက်တိုဘာ ၄

မြန်မာနိုင်ငံပြည်တွင်းစစ်ဆိုင်ရာ သံတမန်ရေးရာ ဆွေးနွေးပွဲကို ဂျကာတာ မြို့မှာ ဒီနေ့ အောက်တိုဘာ ၄ရက် သောကြာနေ့က စကာ အောက်တိုဘာ ၅ရက် စနေနေ့ အထိ နှစ်ရက်တိုင် ကျင်းပနေတယ်လို့ အင်ဒိုနီးရှား အကြီးတန်း သံတမန် တစ်ယောက်က  AFP သတင်းဌာနကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေပွဲဟာ လာမယ့် အောက်တိုဘာ ၆ရက်မှာ စပြီး  လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ပြုလုပ်တာ ဖြစ်တဲ့ အကြောင်းလည်း သံတမန်အသိုင်းအဝိုင်းဆီက သိရတယ်လို့  AFP ကပြောပါတယ်။

ဆွေးနွေးပွဲတွေမှာ  အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့  ကုလသမဂ္ဂတို့က  ကိုယ်စားလှယ်တွေအပြင်  မြန်မာနိုင်ငံက အဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့  အမည်မဖော်လိုတဲ့ သံတမန်တစ်ယောက်က ပြောဆိုခဲတယ်လို့ AFP က ဖော်ပြပါတယ်။

လာမယ့် အောက်တိုလာ ၆ရက်ကနေ ၁၁ရက်နေ့အထိ လာအိုနိုင်ငံမှာ ကျင်းပမယ့်  အာဆီယံ ထိပ်သီးအစည်း အဝေးမှာလည်း ၂၀၂၁ ခုနှစ် အကျပ်အတည်းအလွန်  မြန်မာနိုင်ငံမှာ  ဖြစ်ပွားနေတဲ့  သွေးထွက်သံယို ပဋိပက္ခတွေ နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သုံးနှစ်ကျော်ကြာ ဖြစ်နေဆဲ ဖြစ်တဲ့ စစ်ပွဲကြောင့်  လူပေါင်း သုံးသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့  ကုလသမဂ္ဂက ဆိုထားပါတယ်။

Ref: AFP

ပုံစာ။ ဂျာကာတာနိုင်ငံက အာဆီယံအဆောက်အဦ

Feature Image Credit: ASEAN STUDIES CENTER

Visited 30 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *