မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ကမ္ဘာ့ဘဏ် ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက် စကားဝိုင်းပြုလုပ်

ကမ္ဘာ့ဘဏ်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စ မေရီယန် ရှားမန်းက အဖွင့်အမှာစကားပြောကြား

ကမ္ဘာဘဏ်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စ မေရီယန် ရှားမန်း အဖွင်စကား ပြောကြားနေပုံ
ဓါတ်ပုံမှတ်တမ်း။UMFCCI

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာအပေါ် တွေ့ရှိချက်များအား ရှင်း လင်းဆွေးနွေးပွဲ “A Briefing on Myanmar Economic Monitor Report” ကို ကျင်းပခဲ့ရာ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ် (World Bank)၏ Country Director , Ms. Mariam Sherman မှ အဖွင့်အမှာစကားပြောကြားကာ Program Leader Mr. Kim Alan Edwards မှ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
“မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့် ခြောက်လတာကာလအတွင်း မတည်ငြိမ်မှုများဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ငွေကြေးဖောင်းပွမှု၊ ကျပ်ငွေတန်ဖိုးလျော့ကျမှု၊ လျှပ်စစ်မီးမတည်ငြိမ်မှု၊ ပဋိပက္ခ များ ဖြစ်မှု၊ ကုန်သွယ်မှု မသေချာမရေရာမှု ၊ မူဝါဒများ ပြောင်းလဲမှုစသည့် အချက် (၆)ချက်ကြောင့် ဖြစ်သည်” ဟု ယနေ့ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် “A Briefing on Myanmar Economic Monitor Report ” ပွဲတွင် World Bank ၏ အစီရင်ခံစာတွင်ထုတ်ပြန်ခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လု်ပ်မှု၊ လက်လီရောင်းချမှု၊ သွင်းကုန်အစားထိုးကဏ္ဍများတွင် အဓိကဖြစ်စေသည့် ကန့်သတ်ချက်များ၊ ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်သင့်သည့်အချက်များ စသည်တို့ကို ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ World Bank မှ Mr.Kim Alan Edwards ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသူရိန်ငြိမ်း၊ Senior Economist Mr.Kemoh Mansaray မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည့်အပေါ် ပြန်လည်ဖြေကြား ခဲ့ပါသည်။
ယနေ့ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်သော ဦးသောင်းတင်၊ ဦးရဲမင်းအောင်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ကြသည်။

“ကမ္ဘာ့ဘဏ် (World Bank)သည် နှစ်စဉ် မြန်မာစီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်၍ တွေ့ရှိ ချက် များ ကို ခြောက်လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ ပြုစုထုတ်ပြန်လျက်ရှိ ပါသည်။”
🛑မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို အသေးစိတ်ဖတ်ရှုလိုပါက –
World Bank’s Myanmar Economic Monitor, English/ Myanmar Version Download Link – https://bit.ly/3Y2Qyh4 တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မှတ်တမ်းဓါတ်ပုံများ

ဥက္ကဌ က ဆွေးနွေးပြောကြားနေပုံ
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *