ဂျာကာတာ၊ စက်တင်ဘာ ၆
အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၆ အာဆီယအလှည့်ကျဥက္ကဌ တာဝန်ကို ဖိလစ်ပိုင် နိုင်ငံဆီ လွဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့ စက်တင်ဘာ (၅)ရက်ကနေ (၇)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ ၄၃ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကနေ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြာရေးဝန်ကြီး ရန်ဒို မာစူဒီ က မကြာတော့မယ့် ကာလမှာဖိလစ်ပိုင်နိုင်ငံဟာ ပုံမှန်စီစဥ် ထားတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၆ အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းယူတော့မှာ ဖြစ်တယ်လို့လည်း ပြေဆိုလိုက် ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက စက်တင်ဘာ ၅ရက်နေ့ အင်္ဂါနေ့အစောပိုင်းမှာကတည်းက မိမိတို့ဟာ မြန်မာ နိုင်ငံအစား အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ အစားထိုးတာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီ လို့လည်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဂျကာတာအခြေစိုက် အစိုးရမဟုတ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ လီနာ အဲလက်ဖန်ဒရာက “အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌ ရာထူး အတွက် အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် ကြိုတင် ပြင်ဆင် ထားဖို့ လိုအပ်ပြီး လက်ရှိ အခြေအနေ အရ မြန်မာနိုင်ငံ အတွက် ခက်ခဲနေ တယ်” လို့ အဲလက်ဇန်ဒရာက သုံးသပ်ပြပါတယ်။
ဥက္ကဌ တာဝန်ယူထားရင် အစည်းအဝေးမျိုးစုံ အပါအဝင် ထိပ်သီးအစည်းအဝေးအများကြီးကိုလည်း လက်ခံကျင်းပရ တာတွေ အတွက် အဆင်ပြေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မဖြစ်မနေ လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်း တွေလည်း အများကြီး လိုတာမို့ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်မှာ သူရဲ့တာဝန်တွေကို ကျေပွန်နိုင် တော့မှာ မဟုတ်ဘူးလို့လည်း အဲလက်ဇန်ဒရာက ပြောဆိုလိုက်ကြောင်း သိရပါတယ်။
Ref:CNA
ပုံစာအညွှန်း။ အာဆီယံခေါင်းဆောင်တွေ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေကြပုံ
Feature Image Credit: POOL/AFP/Adi WEDA