မြန်မာနိုင်ငံမှာ နှစ်ရက်ဆက်တိုက် ကိုဗစ် ၁၉ပိုးတွေ့ လူနာအရေအတွက် မြင့်တက်လာ

ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ဖို့ အိမ်အပြင်ထွက်ရင် Mask တပ်ဖို့လို

ရန်ကုန်၊ ဧပြီ ၂၅

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီလ၂၄ရက်နဲ့ ၂၅ရက်တို့က သတင်းထုတ်ပြန်ချက်တွေ အရ မြန်မာနိုင်ငံမှာနှစ်ရက်ဆက်တိုက် ကိုဗစ်၁၉ပိုးတွေ့လူနာအရေအတွက် မြင့် တက်လာတာကို တွေ့ရပါတယ်။

ဧပြီလ၂၄ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ပြင်ဦးလွင်(၃၄)ယောက်၊ဒဂုံမြို့သစ်မြောက် ပိုင်း(၂)ယောက်၊မြောက်ဥက္ကလာပ (၁) ယောက်၊အင်းစိန်(၁)ယောက်၊တာမွေ(၁) ယောက်၊သာကေတ(၁)ယောက်၊အလုံ(၁)ယောက်နဲမြိတ်(၄)ယောက် စုစုပေါင်း (၄၅) ယောက်ဖြစ်ပြီးဧပြီ(၂၅)ရက်နေ့သတင်း ထုတ်ပြန်ချက်မှာတော့ ပြင်ဦးလွင်(၂) ယောက်၊မင်္ဂလာဒုံ(၈)ယောက်၊မရမ်း ကုန်း (၄)ယောက်၊ဒဂုံမြို့သစ်မြောက်ပိုင်း(၃)ယောက်၊ဒဂုံမြို့သစ်တောင်ပိုင်း(၄)ယောက်၊လသာ(၃)ယောက်၊ရွှေပြည် သာ (၂)ယောက်၊မင်္ဂလာတောင်ညွန့်(၂)၊ယောက်၊မြောက်ဥက္ကလာပ (၁)ယောက်၊လှိုင်(၁)ယောက်၊ကြည့်မြင် တိုင်(၁)ယောက်၊စမ်းချောင်း(၁)ယောက်၊ဒဂုံမြို့သစ်အရှေ့ပိုင်း(၁)ယောက်၊အလုံ(၁)ယောက်၊တွံတေး(၁)ယောက်၊ပန်းဘဲတန်း(၁)ယောက်၊ကော့သောင်း(၉)ယောက်နဲ့မြဝတီ(၆)ယောက် စုစုပေါင်း(၅၁)ယောက်တို့ပဲဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ယောက်ကလည်း မြန်မာနိုင်ငံမှာ ကို ဗစ်ပိုးတွေ့လူနာအရေ အတွက် တိုးမြင့် လာတာနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ကိုဗစ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် ကိုဗစ်၁၉ နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများ ကို လိုက်နာပြီး အိမ်အပြင်ထွက်ရင်လည်း Maskကို မဖြစ်မနေတပ်ဆင်ပြီး သွားလာကြဖို့ အကြံပြုပြောဆို ထားပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *