မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ရပ်နားခဲ့ရတဲ့ အသဲအစား ထိုးခွဲစိပ်ကုသမှုကိူ အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ခဲ့

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ ရပ်နားခဲ့ရတဲ့ အသည်းအစားထိုးခွဲစိပ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မှာ အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့အား ကစားဝန်ကြီးဌာနက သိရပါတယ်။

အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ကုသရေးဦးစီးဌာနရဲ့အနီးကပ်ပံ့ပိုးမှုတို့နဲ့ဆေးသုတေသနဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်တဲ့ ပြည်သူ့ဆေးရုံကြီးများမှာ အသည်းအစားထိုး ခွဲစိတ်မှု အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(အသည်းနှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ပါ မောက္ခတို့က ခေါင်းဆောင်တဲ့အ သည်း ခွဲစိတ်ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(အသည်းဆေး ကု) ပါမောက္ခ ခေါင်းဆောင်တဲ့အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ပါမောက္ခ/ဌာနမှူး (မေ့ဆေး) အဖွဲ့အပါဝင်ဆေးပညာအဖွဲ့တွေနဲ့ သူနာပြုများအဖွဲ့ ဝင်တွေပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)မှာ (၃၅)ကြိမ်မြောက် အသည်း အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့တဲ့လူ နာမှာ အသက်(၂၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အ သည်းအလှူရှင်မှာလူနာရဲ့ညီမဝမ်းကွဲတော်စပ်သူ အ သက်(၂၂)နှစ်အ ရွယ် အမျိုးသမီး ဖြစ်တယ်လို့ဆိုပြီး၊အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နံနက် (၇) နာရီမှ ညနေ (၃း၃၀)နာရီအထိ အောင်မြင်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခွဲစိတ်ကုသပြီး လူနာ (၂)ဦးကို အထူးကြပ်မတ်ကုသဌာနမှာ ထားရှိပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက် ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာအသည်းအစားထိုးခွဲစိတ်ကုသမှုများ ဆောင် ရွက်နိုင်တာဟာ ပြည်သူများအတွက် လိုအပ်တဲ့ကုသမှုကို လက်လှမ်းမီရရှိစေပြီး ပြည်ပကို သွား ရောက်ကုသရမယ့် ကုန်ကျစရိတ်များ သက်သာစေနိုင်မယ်လို့ဆိုပြီး အသည်း အစားထိုး ခွဲစိတ်ကုသမှုများ ပုံမှန်ဆက်လက်ဆောင်ရွက်သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ၂၀၀၄ ခုနှစ်မှာ (၁)တွဲ၊ ၂၀၀၉ ခုနှစ်တွင် (၁)တွဲနဲ့စတင်ဆောင် ရွက်ခဲ့တယ်လို့ သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *