အမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့ကလွှတ်တင်လို့ အင်္ဂါဂြိုလ်ပေါ် ကို ရောက်ရှိခဲ့တဲ့ ဇွဲလုံ့လအာကာသယာဉ် ရဲ့လမ်းပြ အင်ဂျနျူယတီရဟတ်ယာဉ်ငယ် ကို မြန်မာနိုင်ငံဖွား မိမိအောင် ပါဝင်စီမံခန့်ခွဲဖန်တီးပြုလုပ်ခဲ့တယ်။
အဲဒီ ရဟတ်ယာဉ်ငယ်ဟာ လွန်ခဲ့တဲ့ ဧပြီ ၂၆ရက်က ၅၂ကြိမ်မြောက် ပျံသန်းလမ်း ပြရင်း ကမ္ဘာမြေပေါ်က ခရီးစဉ် ထိန်း ချုပ်သူတွေနဲ့ လုံးဝအဆက်အသွယ်ပြတ် တောက်သွားခဲ့တယ်။
၆၃ရက်ကြာ တိတ်ဆိတ်သွားခဲ့တဲ့ အဲဒီရ ဟတ်ယာဉ်ငယ်ဟာ ဇူလိုင်၃ရက်မှာ ကမ္ဘာမြေကိုပြန်လည်ပြီး ဆက်သွယ် လာခဲ့တယ်။
နာဆာကပညာရှင်တွေနဲ့ ခရီးစဉ်ထိန်း ချုပ်သူတွေအတွက် အမျိုးမျိုးစဉ်းစားစရာ ဖြစ်စေခဲ့တဲ့ ရဟတ်ယာဉ်ငယ် အခုပုံမှန် ပြန်ဖြစ်သွားပြီလို့ ထင်မြင်ယူဆနေကြ တယ်။ အင်္ဂါဂြိုလ်ပေါ်က ဂျေဇဲရိုးချိုင့် ကြီးထဲမှာ စူးစမ်းလေ့လာနေရင်း တစ်ခုခု နဲ့ဝင်တိုက်မိရာက စက်ပိုင်းဆိုင်ရာချွတ် ယွင်းသွားခဲ့တာဖြစ်လိမ့်မယ်လို့ အများစု ကသုံးသပ်ခဲ့ကြတယ်။
အဲဒီရဟတ်ယာဉ်ငယ်လေးဟာ ၅၂ကြိမ် ပျံသန်းလမ်းပြခဲ့ပေမယ့် ပင်မဇွဲလုံ့လ အာ ကာသယာဉ်ကတစ်ဆင့် သူ့ရဲ့ဆက်သွယ် ချက်တွေ အစကတည်းကနောက်ကျခဲ့တဲ့ အတွက် အင်္ဂါဂြိုလ်ပေါ်ဆင်းပြီးပြီးချင်း တစ်ခုခုချွတ်ယွင်းခဲ့လေသလားလို့ နာဆာ က ပညာရှင်တွေ စဉ်းစားခဲ့ကြတယ်။
Ref: CNN



