မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်း ကနဦးခြေလှမ်းစတင်

  • အမ်း၊ဂွ၊သံတွဲ  တို့တွင် အကောင်အထည်ဖော်မည်

နေပြည်တော်၊မတ် ၁

ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းတွင် ဖော်ဆောင်မည့် လေအားလျှပ်စစ် စီမံ ကိန်း များအတွက် သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA)များအား မတ်လ ၁ရက်နေ့က လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

လက်မှတ်ရေးထိုးမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့်  မြန်မာနိုင်ငံသားပိုင် PRIMUS (Primus Advanced Technologies Limited) ၊ ဟောင်ကောင်အခြေစိုက် AED(Asia Ecoenergy Development Limited) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC (Yunnan Machinery and Equipment Import and Export Co., Ltd.)  တို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။

လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာအရ  လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်း လေအားလျှပ်စစ် စီမံ ကိန်းအနေဖြင့် ထွက်ရှိမည့် မဂ္ဂါဝပ်မှာ ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်းအနေဖြင့် ထွက်ရှိမည့် မဂ္ဂါဝပ်မှာ  ၁၀၀ မဂ္ဂါဝပ်၊  သံတွဲ လေအား လျှပ်စစ်စီမံကိန်းအနေဖြင့် ထွက်ရှိမည့် မဂ္ဂါဝပ်မှာ ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်သည်ဟုသိရသည်။

စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် အောင် ဆောင်ရွက်သွားကြမည်ဖြစ်ကာ စီမံ ကိန်း သုံးခု အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃  ခုနှစ်  ဒီဇင်ဘာလတွင်  တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရေး မျှော်မှန်းထားသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *