- မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ(စင်ကာပူ)နေရာကို အစားထိုးခန့်အပ်ခဲ့တာဖြစ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ(စင်ကာပူ) နေ ရာကို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းမစ္စဂျူလီဘစ်ရှော့ကို ခန့်အပ်ခဲ့တယ်လို့ ဧပြီလ၅ရက်က ကုလရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသစ်ခန့်အပ်ခဲ့တဲ့ မစ္စဂျူလီဘစ်ရှော့ဟာ ၂၀၁၃ ခုနှစ်က နေ ၂၀၁၈ ခုနှစ်အထိ ဩစတြေးလျ နိုင်ငံခြားရေးတာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဩစတြေး လျလွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလို့လည်း သိရပါတယ်။
Visited 45 times, 1 visit(s) today



